Unicode
Who moved my ashes (17)
Lalisa မှာ အောက်ထပ်ဆီသို့ အလောသုံးဆယ် ပြေးဆင်းရတော့၏။ အခင်းဖြစ်ပွားရာ အောက်ဆုံးထပ်တွင် တကယ့်ကို အခြေအနေများက ရှုပ်ထွေးနေလျက်။
အရေးပေါ်အချက်ပေးသံများ အရေးပေါ်ကားရဲ့ ဝီရော်ဝီရော် မြည်သံများက ဆူညံ့နေခဲ့သည်။ အမှုအခင်းအား လာစပ်စုနေကြသော လူအုပ်ကြီးကို တားဆီးထားရသည်။ လူတိုင်းမှာ လည်တိုင်ကို ဆန့်လို့၊ သည်အမှုတွင် သားကောင်ဖြစ်သွားသူများအား လှမ်းစူးစမ်းနေကြလျက်။
လူများ၏ ဝါသနာအပါဆုံးအလုပ်မှာ နောက်ပိုင်းကိစ္စများကို စပ်စုရခြင်းပင် မဟုတ်ပါလား။ လူသူများက ခံရသူ မဟုတ်လေရာ၊ သက်ဆိုင်သူများ၏နာကျင်မှုကို အတွင်းကျကျနားလည်နိုင်မည် မဟုတ်သော်ငှား စပ်စုချင်စိတ်ရှိနေကြဆဲပင်။
Lalisa ဟာ တံခါးဝတွင် ရပ်လျက် ဆရာဝန်များ၊ သူာပြုများက ဒဏ်ရာရသူများကို အပြေးအလွှား စစ်ဆေးကုသပေးနေသည့်ကို မြင်လိုက်ရသည်။ ဒဏ်ရာရသူများထဲမှ လေးယောက်ကို ပိတ်စဖြူဖြင့်ပင် အုပ်ထားနှင့်ပြီ။
ငါးယောက်မဟုတ်ဘူး... တစ်ယောက်လျော့နေတယ်....
နောက်မှ ပြေးလိုက်လာသော အတွင်းရေးမှူး Park လည်း နောက်ဆုံးတော့ Lalisa ကို မှီလာခဲ့သည်။ တာဝန်ရှိသူရဲအရာရှိများသည်လည်း သူတို့အား အခင်းဖြစ်ပွားရာ နေရာဆီ ထပ်မတိုးလာရန် တားမြစ်လာခဲ့သည်။ အတွင်းရေးမှူး Park ဟာ Lalisa ရဲ့ လက်ကို လှမ်းဆွဲလိုက်ပြီး
"ဥက္ကဌကြီး ဒီမှာပဲ ရပ်မနေနဲ့လေ။ ပြန်သွားရအောင် ဒီမှာ ဝရုန်းသုန်းကား ဖြစ်နေတာ။ ဒါနဲ့ ဥက္ကဌကြီး အိမ်ပြန်ရမယ်လို့ ပြောထားတာ မဟုတ်ဘူးလား။ အရှေ့တံခါးကနေတော့ ထွက်လို့မရတော့ဘူး။ အနောက်ဘက်ကနေတော့ အဆင်ပြေမယ်ထင်..."ထို့နောက် Lalisa ဟာ စကားတစ်ခွန်းမှပင် မဆိုလာဘဲ ထပ်ပြေးသွားပြန်၏။ အတွင်းရေးမှူး Park ဟာ ရုံးခန်းထဲတွင်ပဲ တစ်ချိန်လုံးထိုင်နေပြီး အားကစားလိုက်စားမှု မရှိသောကြောင့် Lalisa ရဲ့ လျှင်မြန်သော အရှိန်ကို လိုက်မမှီနိုင်တော့ချေ။ သူ့မှာ ခါးကို လက်ထောက်ရင်း အမောဖြေနေရုံရှိသေး၊ Lalisa က ထပ်ပြေးသွားသောကြောင့် ထပ်ကြောင်အသွားရရှာပြန်သည်။ နောက်ဆုံးမှာတော့ Lalisa နောက်ကို ထပ်ပြေးမလိုက်တော့ရန်သာ ဆုံးဖြတ်ချက်ချလိုက်တော့၏။
![](https://img.wattpad.com/cover/341578127-288-k793847.jpg)
YOU ARE READING
Who Moved my ashes
Fanfictionဒါက Chinese gl fic လေးပါ။ i don't own any of this content. All contents belong to the original auther.