အပိုင်း (၇)

533 75 12
                                    

[Unicode]

Who moved my ashes (7)

Jennie ငှားထားသည့်​အိမ်က Lisa အိမ်နဲ့ နှစ်ကီလိုမီတာ​လောက်သာ ဝေး၍ သိပ်ဝေးသည်ဟု ပြောမရ။ သူတို့နှစ်ယောက်နေသော အိမ်အသီးသီးကလည်း ကုမ္ပဏီနဲ့ တစ်ကီလိုမီတာသာ ကွာဝေးသည်။ ထို့ကြောင့် မြေပုံမှာ ထောက်ကြည့်လျှင် နှစ်နားညီတြိဂံသဖွယ် ဖြစ်နေလေရဲ့။

Jennie က အရင်ဆုံး အိမ်ပြောင်းပြီးမှ အိမ်ပိုင်ရှင်ကို အခန်းပြန်အပ်ဖို့ကိစ္စ ပြောဖို့ စီစဉ်ထားသည်။ မနက်ပိုင်းတွင် Lalisa ဟာ Jennie ရဲ့အိမ်ကို ကားမောင်းသွားပြီး နှစ်ယောက်သား Jennie ရဲ့ဟိုဟိုဒီဒီ တိုလီမုတ်စပစ္စည်းတွေကို လက်ဆွဲသေတ္တာလေးလုံးအပြည့် ထုတ်ပိုးကြ၏။ ပစ္စည်းအကြီး​များ ဖြစ်သော လျှပ်စစ်သုံးပစ္စည်းတို့၊ ပရိဘောဂတို့၊ လေ့ကျင့်ခန်းလုပ်ပစ္စည်းတို့ကို ရွေ့စရာ ကျန်သေးသော်လည်း ပစ္စည်းကြီးများကိုရွေ့ဖို့ Jennie အလျင်မလိုသေးပါ။ အချိန်တစ်ခုကြာပြီးမှသာ ပစ္စည်းရွေ့ ဝန်ဆောင်မှုပေးသောကုမ္ပဏီကို ခေါ်ပြီး ပစ္စည်းများကို တစ်ခါတည်း ရွေ့ခိုင်းလိုက်တော့မည်။

ပစ္စည်းများကို Lalisa အိမ်သို့ ရွေ့ပြီးသည်နှင့် Jennie က နှစ်မိနစ်လောက်ပဲ ခဏနားပြီး ပစ္စည်းများကို နေရာချရန်လုပ်သည်။ ရေသန့်ဘူးအဖုံးကို ခပ်တင်းတင်းဆုပ်ထားရင်း ပါးစပ်ထဲမှာလည်း ရေအပြည့်နှင့်။ Jennie ဟာ ရေကိုမျိုချပြီးမှ မတ်တပ်ရပ်လိုက်သည်။
"နင် နားလိုက်လေ.. ငါ ပစ္စည်းတွေ သွားသိမ်းလိုက်မယ်"

Lalisa ရဲ့မျက်နှာက နီမြန်းနေပြီ။ သူ့မှာ ပင်ပန်းလွန်းလို့ ပါးစပ်ဟပြီးတော့တောင် အသက်ရှူနေရသည်အထိ။ အိမ်ပြောင်းခြင်းက သူ့အား သည်လောက်အထိ ပင်ပန်းစေလိမ့်မည်လို့ မထင်ထားခဲ့ပါ။

Jennie ကတော့ မမောနိုင်မပန်းနိုင်။ သန့်ရှင်းရေးဆက်လုပ်ရန် အခန်းထဲဝင်ဖို့ လုပ်နေသည်ကို Lalisa တစ်ယောက် မြင်လိုက်ရသည်။ သည့်အတွက်ကြောင့်ပဲ Jennie ရဲ့လက်မောင်းကို အရုပ်လေးလို လှမ်းဆွဲလိုက်၏။
"နင် နည်းနည်းလောက် အနားယူပါလားဟယ်။ ဘာတွေ အလျင်လိုစရာ လိုလို့လဲ.. ပင်ပန်းမှာ မကြောက်ဘူးလား"

Who Moved my ashesWhere stories live. Discover now