Part-1

2.1K 116 25
                                    

Seoul မြို့၏ မြို့တွင်း တစ်နေရာတွင်ဖြစ်သည်။
မှောင်ရီပျိုးစအချိန်မို့ လျှပ်စစ်မီးအလင်းရောင်များက ဟိုတစ်စ၊ဒီတစ်စသာ။

Motorbike အမျိုးအစားများ စုံလင်အောင်
ရပ်ထားသည့် ကွင်းထဲတွင်တော့ ယောင်္ကျား၊မိန်းမ အစုံအလင်ရှိသည်။အထူးသဖြင့်
Teenagerတွေအများစု ရှိရာဖြစ်ပြီး
အကုန်လုံးသည်လည်း ဘဝကို လွတ်လွတ်လပ်လပ်နဲ့ ဖြတ်သန်းနေကြတဲ့သူတွေပင်။

ပြိုင်ပွဲက မကြာခင် ပြုလုပ်တော့မည်မို့
နေရာယူထားကြသော motorbike များက
စမှတ်နေရာတွင် တန်းစီးကာပင်။သို့သော် အားလုံး၏ အမူအရာများသည် တစ်စုံတစ်ဦးကို
စောင့်နေပုံရသည်။

လင်းထိန်နေသော မီးအလင်းရောင်နဲ့အတူ
ယခုနှစ်မှ အသစ်ထုတ်လိုက်တဲ့ Yamaha R15
အနက်ရောင် တောက်တောက် motorbike တစ်စီးက မပြင်းလွန်း၊မနှေးလွန်းသော အရှိန်နှင့် ကွင်းထဲသို့ ဝင်လာသည်။အားလုံး၏ မျက်နှာဝင်းပသွားကြတော့သည်။အထူးသဖြင့် အလှပဂေးလေးများ၏ မျက်နှာလှလှလေးများဖြစ်သည်။

လူအုပ်နဲ့ မနီးမဝေးနေရာတွင် ဆိုင်ကယ်ကို ရပ်ကာ သူ့ရဲ့ မူပိုင် ရှည်သွယ်သော ခြေထောက်များနဲ့ မြေပြင်ကို ထောက်ထားပြီး ဆိုင်ကယ်ကို ထိန်းထားသည့် ပုံက အရပ်ရှည်သော သူ့အတွက် ဆွဲဆောင်မှုတစ်ခုလိုပင်။ဆောင်းလာသော
Helmat အနက်ရောင်ကို ချွတ်လိုက်ပြီး
လက်ချောင်းရှည်သွယ်သွယ်များနဲ့ သူ့ဆံပင်များကို ဆွဲမွလိုက်သည်ကအစ အကြည့်တစ်ချက်မလွှဲချင်စရာ။

အလှပဂေးများ၏ အော်သံစူးစူးလေးများ ပေါ်လာပြီး ထိုမိမိုက်နေသော သူရှိရာကို
အပြေးလေးရောက်သွားကြတော့သည်။

"ရောက်လာပြီပေါ့ jeon"

"အင်း "

"မျှော်နေတာ "

"ကိုယ့်ကိုလား?"

"တကယ် မိုက်နေတာပဲ။အကြည့်လွှဲချင်စရာမရှိဘူး "

"ကြည့်စေဗျာ!"

အနားမှာ ဝိုင်းနေသော မိန်းမလှလေးများ၏
စကားများကို နှုတ်ခမ်းပါးတို့ ခပ်ပြုံးပြုံးလုပ်ရင်း
အလိုက်အသင့် ပြန်ပြောနေသည့်ပုံက
Playboyတစ်ယောက်ရဲ့ သက်တမ်းဘယ်လောက်ကြာပြီဆိုတာ သိသာနေသလိုပင်။

Dear Where stories live. Discover now