Chapt3•မြို့တော်သို့ပြန်လည်ရောက်ရှိခြင်း(1)
သူထို့နောက် မန်ချီ့နဘေးမှ ချစ်စရာ ၅နှစ်ကလေးငယ်ကိုတွေ့လိုက်သည်။
သူ သက်ပြင်းရှည်တစ်ခုကိုချလိုက်သည်။
'မင်းကို ဘယ်လောက်တောင်လိုက်ရှာနေခဲ့ရတာလဲဆိုတာ မင်းသိမှသိရဲ့လား...မင်းမှာ သမီးငယ်လေးတောင်ရှိနေပြီပေါ့..'
'မင်းက ကိုယ့်ကို မှတ်ရောမှတ်မိပါ့မလား..'"သူတို့နှစ်ယောက်ကို စောင့်ကြည့်ဖို့ လူလွှတ်ထားလိုက်"
ပြီးနောက် ထိုအမျိုးသားဟာ တစ်ခုခုကို သတိရမိဟန်ထင်ပါသည်။သူ၏ အေးစက်စက်မျက်နှာပေါ်မှ နှုတ်ခမ်းပါးများဟာ အနည်းငယ် ကွေးတက်သွားပြီး ခပ်ဖျော့ဖျော့အပြုံးတစ်ခုဖြစ်ပေါ်လာသည်။"သူက အရမ်းသတိရှိတယ်။သူ့(မ)အနားကနေ ခပ်ခွာခွာလိုက်ဖို့ ပြောထား"
သူ့ဘေးနားတွင်ရှိနေသော လက်ထောက်မှာ အသက်ရှုဖို့မေ့နေသည်အထိ ကြက်သေသေနေပါသည်။ထို့နောက် လက်ထောက်မှာ သတိပြန်လည်လာကာ ကမန်းကတန်းပြန်ဖြေရပါသည်။
"ဟုတ်ကဲ့ပါ၊သခင်လေး"...
တစ်ဖက်မှာတော့ ချူးချူးဟာ သူမတို့အိမ်ကို တစ်ယောက်ယောက်လာခဲ့သည်ကို မသိရှာလိုက်ပါ။
ထိုအချိန်မှာ ကုချူးဟာ သူမ၏ အမေရဲ့ ရင်ခွင်ထဲမှာ ချွဲ့နွဲ့နေသော ၅နှစ်ကလေးအရွယ်အနေဖြင့် ဟန်ဆောင်နေရပါသည်။
သူမ၏ မျက်လုံးလေးများကို ကားအပြင်ဖက်မှာ ရှုခင်းများအား လေ့လာစူးစမ်းနေဟန်ပုံစံ တပ်ဆင်ထားလေသည်။"မာမား,အပြင်မှာ ကားတွေအများကြီးပဲ...အဲ့ဒီ့ကားလေး လှလိုက်တာမာမား ကြည့်ပါဦး" သူမ၏ပုံစံမှာ ဒီအရာတွေကို တစ်ခါမှမတွေ့ဖူးဟန် ဟန်ဆောင်နေပါသည်။
သူမ ဒီအရာတွေကို အကုန်လုံးကို များစွာ မြင်ခဲ့တွေ့ခဲ့ဖူးပါသည်။
သူမ၏ အရင်ဘဝမှာတုန်းက သူမအားကမ္ဘာအနှံ့လိုက်နှောင့်ယှက်နေခဲ့သော ငတုံးကောင်တစ်ယောက်ရှိတယ်ဆိုတာ မည်သူမှတော့ သိလိမ့်မည်မဟုတ်။မန်ချီ သမီးငယ်လေးကို တင်းတင်းကျပ်ကျပ်ဖက်ပွေ့လိုက်ကာ ချိုသာစွာ ပြုံးလိုက်ပါသည်။
"ချူးချူး,ဒီနေရာကလေ အရမ်းကြီးတဲ့ မြို့တော်ကြီးကွဲ့ ။ ဒါပေါ့ ကားလှလှလေးတွေအများကြီးရှိတာပေါ့"
YOU ARE READING
အနှိပ်စက်ခံဇာတ်လိုက်မရဲ့ သမီးငယ်လေးအဖြစ် ဝိညာဥ်ကူးပြောင်းသွားခြင်း
FantasyMyanmar Translation of : Transmigrated As a Tortured Female lead's Lovely Daughter Author : A Crescent Moon !This is not my creation. This is just a translation.!