Chapter 18 - ဦးဦးရဲ့ သူငယ်ချင်း

1K 119 4
                                    

Enjoy! <3
Chapt18•ဦးဦးရဲ့သူငယ်ချင်း
...

ချန်မိသားစုက အဲ့ဒီ့ ၁၅နှစ်ကောင်လေးလုပ်လို့ ပျက်စီးတော့မည်။

"တစ်နည်းနည်းနဲ့တော့ တားရမယ်"
ချန်ကျင်းယု ခပ်တိုးတိုး​ရေရွတ်လိုက်ပါသည်။

...

စွန်းချန် စိတ်ရှုပ်စွာဖြင့် မြန်မြန်လမ်းလျှောက်လာသည်။ သူမနှင့် တူတဲ့ မိန်းမ၂ယောက်ကို တစ်ရက်ထဲမှာပဲ တစ်ခါတည်းတွေ့လိုက်ရတာက သူ့ရဲ့ စိတ်ကို အေးအေးချမ်းချမ်းတော့ မဖြစ်စေပါ။

သူမ ဘယ်နေရာကိုများ ထွက်ပြေးသွားသည်ကို သူအရမ်းသိချင်ပါသည်။ သူမကို ရှာနေခဲ့တာ ၅နှစ်တောင်ကြာခဲ့ပေမယ့် သူမအကြောင်း သတင်းအစအနတောင် ရှာမတွေ့ခဲ့ပါ။

စိတ်အခြေအနေကောင်းမနေသော စွန်းချန် လူနာအခန်းတစ်ခန်းရှေ့မှ ဖြတ်လျှောက်မိသည်။ လူနာခန်းမှ တံခါးပွင့်နေပြီး အထဲတွင် ခြေထောက်အနာတရဖြစ်ထားသည့် ကလေးမလေး ရှိနေသည်။ ကလေးမလေးဟာ ဆရာဝန်ရဲ့ အင်္ကျီလက်ကို ဆွဲကာ ကလေးသံလေးဖြင့် ကွန်ပြူတာဂိမ်းဆော့ချင်ကြောင်း ပူဆာနေသည်။

ကလေးမလေးရဲ့ အသံကြောင့် နဂိုကမှ စိတ်အခြေအနေမကောင်းသော စွန်းချန်စိတ်ကို ပိုဆိုးစေလေသည်။ ထို ချစ်စရာကလေးမလေးကို အေးစက်စက် ကြည့်လိုက်သည်။

နားညီးလိုက်တာ..!

သူ ကလေးတွေကို မုန်းသည်။

စွန်းချန် သူ့ရဲ့ လက်ထောက်ကို ခေါ်ကာ ဆေးရုံမှ ထွက်လာခဲ့သည်။ စွန်းချန် ထွက်သွားချိန်မှာပဲ ရှောင်ယန်နှင့်မန်ချီ လူနာခန်းသို့ ပြန်ရောက်လာသည်။ (😭)

မန်ချီ ကုချူးကိုကြည့်ကာ မနိုင်ဟန် ခေါင်းခါလိုက်ပါသည်။
" ချူးချူး, ဆေးရုံမှာ ဘာကွန်ပြူတာမှ မရှိဘူး။ ချူးချူးကို မား ဦးဦးရဲ့အိမ် ခေါ်သွားမယ်။ မားတို့ ဦးဦးအိမ်မှာ ခဏ နေကြမှာ"

ကုချူး ခေါင်းလေးမော့လိုက်ကာ မေးလိုက်သည်။ " ဦးဦးအိမ်မှာ ကွန်ပြူတာရှိလား "

" ဒါပေါ့! ဦးဦးအိမ်မှာ ကွန်ပြူတာတွေအများကြီးပဲ ရှိတယ် " ရှောင်ယန် ပြန်ဖြေလိုက်သည်။
" ချူးချူးနဲ့ချူးချူးရဲ့မားတို့က ဦးအိမ်မှာ ခဏနေရဦးမှာ..နော်"

အနှိပ်စက်ခံဇာတ်လိုက်မရဲ့ သမီးငယ်လေးအဖြစ် ဝိညာဥ်ကူးပြောင်းသွားခြင်းWhere stories live. Discover now