Enjoyyyyy ^^
Chapt6•မူကြို(1)ရှောင်မန်ရှီမှာ မန်ချီကို မုန်းတီးစပ်ဆုပ်နေပေမယ့် မန်ချီရဲ့လက်များကို ကိုင်ကာ ဘယ်အရာကိုမှမသိတဲ့ ဖြူဖြူစင်စင်ကလေးမလေးသဖွယ် ဟန်ဆောင်နေပါလေရဲ့။
"မမမန်ချီ,ညီမရဲ့ ခဲအိုရော ဘယ်မှာလဲဟင်။ညီမရဲ့ တူမလေးပဲတွေ့တယ်"မန်ချီရဲ့ မျက်နှာလေးပေါ်မှာရှိတဲ့ အပြုံးမှာ ပျောက်ကွယ်သွားလေသည်။
သဟဇာတရှိလှပါတယ်ဆိုတဲ့ မိသားစုလေထုလေးမှာလည်း အေးခဲသွားသလိုပင်။ရှောင်မိသားစုဟာ မန်ချီကို ကောင်းစွာကြိုဆိုကြသည် ဆိုပေမယ့် ဒီအရှုပ်ထုပ်မလေး ကုချူးကိုတော့ မမြင်တွေ့ချင်ခဲ့ပါ။ကလေးမလေးဟာ သူတို့ရဲ့ ကြီးမားလှတဲ့အညစ်အထေးလိုမလို့ သူတို့ တမင်တကာပင် သူမအား လျစ်လျှူရှုထားကြလေသည်။
ကုချူး သူမရဲ့ဦးလေးရင်ခွင်ထဲမှာ ထိုင်ကာ အေးအေးဆေးဆေးပင် ရေခဲမုန့်စားနေသည်။သူမရဲ့ ချစ်စရာအနက်ရောင်မျက်လုံးလေးများမှာ မန်ရှီရဲ့ သရုပ်ဆောင်မှုကြီးကို လှမ်းကြည့်နေပါသည်။
"ချူးချူးရဲ့ အဖေဖြစ်သူက ဆုံးသွားတာကြာပြီလေ.."
ကုမန်ချီ အခြေအနေကို ပြန်ထိန်းရန် လိမ်ညာလိုက်ပါသည်။သူမ ချူးချူးရဲ့ အဖေကို လုံးဝမပြောပြချင်ခဲ့ပါ။မန်ချီဟာ တုံးအ,သည်ဆိုသော်လည်း သူမရဲ့ ညီမဆီမှ မကောင်းတဲ့ခံစားချက်များကို ခံစားလိုက်ရပါသည်။ သူမသည် အနုပညာလောကထဲသို့လည်း ဝင်ရောက်ခဲ့ဖူးပြီး အခြား မင်းသမီးတွေဆီမှလည်း အလှည့်စားခံခဲ့ရဖူးလေသည်။သူမ လူတွေဟာ ဘယ်လောက်ရက်စက်တတ်ပြီး ဘယ်လောက်အေးစက်နိုင်ကြောင်းကို သိခဲ့ကြုံခဲ့ဖူးပါသည်။
"Aiya..!!သမီးမန်ရှီ စကားအများကြီးပြောမနေနဲ့ လာထိုင်ပြီး စားကြရအောင်!" ထျန်ချွမ်းရှု အခြေအနေတွေကို အဆင်ပြေသွားရန် စကားစ,လိုက်သည်။
"ငါတို့ မိသားစုလေးက အခုမှပဲ ပြန်ဆံတွေ့ကြရတော့တယ် ဒါတကယ့်ကို ကောင်းချီးတစ်ခုပဲ!"တမိသားစုလုံး နေရာယူလိုက်ကြကာ နေ့လည်စာ စ,သုံးဆောင်ကြတော့သည်။
ကုချူးမှာ ရှောင်ယန်ရဲ့ ရင်ခွင်ထဲမှာပဲ ထိုင်နေသေးကာ သူမ,စားနိုင်ရင်စားနိုင်သလောက်
အပြီ စားနေသည်။ ရှောင်ကျင်းနှင့် သူရဲ့မိန်းမကတော့ ကုချူးကို တစ်ချိန်လုံး လျစ်လျှူရှုထားကြလေသည်။သူတို့ဟာ ကုချူးကို သူတို့ရဲ့ နှလုံးသားထဲကကို စက်ဆုပ်ရွံရှာနေကြလေသည်။
YOU ARE READING
အနှိပ်စက်ခံဇာတ်လိုက်မရဲ့ သမီးငယ်လေးအဖြစ် ဝိညာဥ်ကူးပြောင်းသွားခြင်း
FantasyMyanmar Translation of : Transmigrated As a Tortured Female lead's Lovely Daughter Author : A Crescent Moon !This is not my creation. This is just a translation.!