Chapter 25 - ချန်မိသားစုရဲ့ သခင်လေး (3)

492 49 3
                                    

Chapt25•ချန်မိသားစုရဲ့သခင်လေး(3)
...
ထိုအချိန်မှာပဲ ကုမန်ချီဟာလည်း သူမရဲ့နာမည်အားပြန်အဖက်ဆယ်လို့မရနိုင်တော့ပါ။ ဘယ်ရွေးချယ်မှုမှ မရှိတော့တာကြောင့် ဒါရိုက်တာလီနဲ့ လက်ထပ်ဖို့ဖြစ်လာရတော့တယ်။

"ယန်၊ မင်း မင်းအမေကိုတောင်မယုံဘူးပေါ့"
ထျန်ချွမ်းရှု သူမရဲ့မျက်လုံးထောင့်မှ ဖျစ်ညှစ်လို့ကျလာသည့် မျက်ရည်ကိုသုတ်ကာ ရှောင်ယန်နဲ့ ဆွေမျိုးများအား အခန်းနံပါတ် ၃၀၁၉ သို့ခေါ်သွားသည်။

ချွမ်းရှု အချိန်တွေတွက်ချက်ပြီးသွားပြီ။ အခုချိန်ဆိုရင် အခန်းထဲကနှစ်ယောက် ကိစ္စပြီးရောပေါ့။

အခန်းနံပါတ် ၃၀၁၉တွင် အခန်းတံခါးမှာ ပွင့်လျက်ရှိနေသည်။

အခန်းထဲသို့ ဝင်မလို့လုပ်ရင်း ထျန်ချွမ်းရှုပြောလိုက်သည်။
"ကြည့်ပါလား။ ဒါရိုက်တာလီနဲ့ မန်ချီတို့-"
ထျန်ချွမ်းရှုရဲ့ ဆက်ပြောမည့် ချွန်စကားတွေ လေထဲမှာပင်ရပ်သွားသည်။

ချွမ်းရှု ချန်ကျီ၊ ကုချူး၊ မန်ချီနှင့် ကြမ်းပြင်တွင် လဲနေသော ဒါရိုက်တာလီတို့ကို တွေ့မြင်လိုက်ရသည်။ ချွမ်းရှု ဆွံ့အသွားသည်...။ ဒီမျိုးမစစ်လေး ကုချူးက ဘယ်လိုလုပ်ရောက်နေတာတုန်း။ ပြီးတော့... ချန်မိသားစုရဲ့သခင်လေးကလည်း ဘာလို့ရှိနေတာလဲ။

ရှောင်ယန်အခန်းထဲသို့ အလျင်အမြန်ဝင်လာကာ မန်ချီအဆင်ပြေနေတာကိုတွေ့သောအခါမှသာ သက်ပြင်းချနိုင်တော့သည်။
"မန်ချီ၊ ညီမလေး အဆင်ပြေတယ်မလား...။ အစ်ကို့မှာ သေမလောက်စိတ်ပူလိုက်ရတာ"

မန်ချီ့ရဲ့ မျက်ခမ်းစပ်တွေမှာ ငိုထားရသောကြောင့် နီရဲသည်။

ကုချူး မန်ချီ့ရင်ခွင်ထဲမှ ခေါင်းလေးထောင်ကာ
"ဦးဦး အရမ်းနောက်ကျတာပဲ။ မာမားကို ဦးဦးအရင်မတွေ့ခင် ချူးချူး အရင်တွေ့တာနော်။ ဘယ်လိုလဲ။ ချူးချူးတော်တယ်မလား"

ရှောင်ယန် မျက်ခုံးပင့်လိုက်သည်။ "ချူးချူး၊ သမီးကို ကားထဲမှာပဲနေဖို့ပြောထားတာလေ"

ချူးချူး ဟီးခနဲ ရယ်ပြလိုက်ကာ သူမအမေရင်ခွင်ထဲသို့ ပြန်ဝင်သွားသည်။ ရှောင်ယန့်ခမျာ ရယ်ရမလိုငိုရမလို။

အနှိပ်စက်ခံဇာတ်လိုက်မရဲ့ သမီးငယ်လေးအဖြစ် ဝိညာဥ်ကူးပြောင်းသွားခြင်းWhere stories live. Discover now