အပိုင်း(၁၀)
{ဘုရင်မဒိုင်ယာရီ}ချောက်ရဲ့တစ်ဖက်ကိုရောက်သွားပြီဖြစ်တဲ့ဒိုင်ယာရီကခြေပစ်လက်ပစ်မြေကြီးပေါ်လဲကျသွားပြီးသွေးထွက်နေတဲ့ဒဏ်ရာတွေကိုနာကျင်စွာညည်းညူရင်းဖိကိုင်လိုက်လေသည်၊သေလောက်အောင်နာကျင်နေပေမဲ့နောက်ဆုံးအထိတောင့်ခံခဲ့တာမို့အတားအဆီး၇ကအောင်မြင်သွားလေပြီဖြစ်သည်၊ချောက်ကြီးကတော့ပြိုင်ပွဲဝင်တွေမရှိတော့မှပျောက်ကွယ်သွားခဲ့သည်။
"ရှင်အဆင်ပြေရဲ့လား ဒိုင်ယာရီ"
"မင်းနဲ့မဆိုင်ဘူး"
သေလောက်အောင်ပင်ပန်းနေတာကိုတောင်အသံကမာနေနိုင်သေးတဲ့ဇာတ်လိုက်မကိုလွန်းမျက်စောင်းသာပိတ်ထိုးလိုက်သည်၊တကယ်ဆိုဒိုင်ယာရီ့ဘေးမှာလွန်းသာရှိမနေရင်ဒီအချိန်ထိဒိုင်ယာရီတောင့်ခံနိုင်မှာမဟုတ်ပေ၊အကယ်၍တောင့်ခံနိုင်ခဲ့ရင်တောင်ရူးလောက်အောင်ပင်ပန်းနေမှာအသေအချာပဲ။
"ကျွန်မကိုတွဲလိုက်"
"ငါမလိုဘူးလို့ပြောနေတယ်လေ..!"
ထိုသို့ပြောပြီးလွန်းလက်ကိုခါချလာတဲ့ဒိုင်ယာရီ့ကိုပေစောင်းစောင်းသာကြည့်လိုက်မိသည်၊တကယ်လည်းဒိုင်ယာရီကသူ့ဘာသာသူပြန်ထပြီးရှေ့ကိုဆက်သွားနေသည်။
[စိတ်လျှော့ပါHost ဇာတ်လိုက်မကအရင်တည်းကဒီအတိုင်းပါပဲ]
လွန်းလည်းဒိုင်ယာရီ့နောက်ကိုပြေးလိုက်သွားပြီးနောက်ဆုံးအဆင့်ကဘယ်လိုပုံစံလည်းဆိုတာကိုလည်းစိတ်ဝင်စားနေမိသည်၊ဒိုင်ယာရီ့ကိုမှီလာတဲ့လွန်းကချစ်စဖွယ်ပြေးလာပြီးဒိုင်ယာရီ့လက်မောင်းကိုချိန်တွယ်လိုက်လေသည်၊ဖြတ်ကနဲလှည့်ကြည့်လာတဲ့ဒိုင်ယာရီကလွန်းကိုမကြည်သလိုကြည့်သည်၊
"ရှင်လဲကျသွားမှာမို့တွဲပေးတာ"
"မလိုဘူးလို့ပြောနေတယ်လေ မင်းငါနဲ့ဝေးဝေးမှာနေစမ်းပါ..!"
"အာ့"
ဒိုင်ယာရီကလွန်းကိုဖယ်ထုန်လိုက်တာဆိုပေမဲ့ပင်ပန်းနေတဲ့လွန်းကမြေပြင်ပေါ်လဲကျသွားလေသည်၊ညကလည်းတစ်ညလုံးမအိပ်ရတဲ့အပြင်ဒိုင်ယာရီ့နောက်ကနေတစ်ချိန်လုံးလိုက်နေရတာမို့နုနုနယ်နယ်ပုံစံလေးနဲ့လွန်းကအားနည်းနေသည်၊ထို့အပြင်ဒိုင်ယာရီနဲ့ကိုယ်အပူချင်းမျှထားလို့အဖျားတွေကလွန်းဆီကူးထားသေးသည်။
YOU ARE READING
ငါ့မိဖုရား
Romanceဟာသ။ ရိုမန့်တစ်။ ဤဇာတ်လမ်းသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပြီးပါဝင်သောဇာတ်ဝင်ခန်းများကလည်းစာရေးသူ၏အတွေးပုံရိပ်များသာဖြစ်သည်🙏🙏။ System Ficလေးဖြစ်ပြီးဟာသနဲ့ရိုမန့်တစ်ဖြစ်လို့ပေါ့ပေါ့ပါးပါးလေးသွားကြတာပေါ့။