အပိုင်း(၃၂)
{ချစ်တဲ့စိတ်}လသာဆောင်ဘက်ကိုထွက်ပြီးလေညှင်းခံနေတဲ့လွန်းရဲ့နောက်ကျောပြင်ကိုဒိုင်ယာရီကနောက်ကနေသိုင်းဖက်လာသည်၊ခုနကလေးတင်အေးစက်စက်ဖြစ်နေခဲ့တဲ့ခန္ဓာကိုယ်ကအခုတော့အနွေးဓာတ်တစ်ချို့လွှမ်းခြုံသွားခဲ့သည်၊ဒိုင်ယာရီ့ကိုနောက်ပြန်လှည့်ကြည့်ပြီးပြုံးပြလိုက်တော့လွန်းရဲ့မျက်နှာလေးကိုလက်တစ်ဖက်နဲ့အုပ်ကိုင်လာသည်။
"အရှင်မ"
လွန်းခေါ်လိုက်တော့ဒိုင်ယာရီကပြောစေဆိုတဲ့သဘောနဲ့မေးငှော့ပြသည်၊လုံခြုံနွေးထွေးမှုပေးတဲ့ရင်ခွင်ကျယ်ဆီကိုခေါင်းလေးမှီချလိုက်ရင်းဒိုင်ယာရီ့ခါးကိုဖက်တွယ်လိုက်သည်၊
"ကျွန်တော်မျိုးမကိုချစ်သေးလား"
"ပြောနေစရာလိုသေးလို့လားလွန်းရယ် ဒီဘုရင်မကဒီမိဖုရားအပေါ်မှာပဲအချစ်တွေအကုန်လုံးပေးအပ်ထားတာ"
လွန်းရင်ခွင်ထဲကနေနှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်ရင်းဒိုင်ယာရီ့ရင်ခွင်ထဲပိုတိုးဝင်လိုက်သည်၊ဒိုင်ယာရီ့လက်တွေကလွန်းရဲ့ပုခုံးပေါ်ကနေကျောပြင်ပေါ်ကိုဆင်းသွားပြီးခပ်ဖွဖွပွတ်သပ်လာသည်၊လွန်းရဲ့နားရွက်ဖျားလေးနားကိုဖြည်းဖြည်းချင်းခေါင်းငုံ့ချလျက်ငုံထွေးလာတဲ့အခါလွန်းရဲ့ကိုယ်လေးဆတ်ကနဲတုန်သွားရသည်၊အလန့်တကြားဆွဲဆုပ်မိလိုက်တဲ့ဒိုင်ယာရီ့ရဲ့အင်္ကျီစကလည်းလွန်းလက်ထဲတင်းတင်းကျပ်ကျပ်ပါလာခဲ့သည်၊လေတွေတဖြူးဖြူးတိုက်နေတဲ့နေရာကနေဒိုင်ယာရီကလွန်းကိုအခန်းထဲဆွဲခေါ်သွား၏၊နံရံမှာလွန်းကိုကျောကပ်စေပြီးအပေါ်မှဖိကပ်အုပ်မိုးလာရင်းနှုတ်ခမ်းကိုငုံ့နမ်းလာသည်၊
"ပြွတ်"
ခေါင်းကိုစောင်းငဲ့ပြီးလွန်းရဲ့နှုတ်ခမ်းသားတို့ကိုမက်မက်မောမောနမ်းလာတဲ့ဒိုင်ယာရီကအထိန်းအကွပ်မဲ့လာသည်၊အတော်ကြာတော့မှဒိုင်ယာရီကနမ်းနေတာကိုရပ်ပြီးလွန်းကိုပွေ့ချီကာကုတင်ပေါ်ခေါ်သွားသည်၊ကုတင်အစွန်းလေးမှာထိုင်ခိုင်းပြီးနဖူးကိုငုံ့နမ်းလာပြန်သည်။
YOU ARE READING
ငါ့မိဖုရား
Romanceဟာသ။ ရိုမန့်တစ်။ ဤဇာတ်လမ်းသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပြီးပါဝင်သောဇာတ်ဝင်ခန်းများကလည်းစာရေးသူ၏အတွေးပုံရိပ်များသာဖြစ်သည်🙏🙏။ System Ficလေးဖြစ်ပြီးဟာသနဲ့ရိုမန့်တစ်ဖြစ်လို့ပေါ့ပေါ့ပါးပါးလေးသွားကြတာပေါ့။