𝐏𝐚𝐫𝐭.14

1.3K 192 13
                                    

    အပိုင်း(၁၄)
{မင်းသမီးအမရာစံထားရောက်လာပြီ}

ဒိုင်ယာရီကလွန်းရဲ့နှုတ်ခမ်းရဲရဲလေးကိုတစ်ချက်သာကြည့်ပြီးမြင်းဇတ်ကြိုးကိုဆောင့်ဆွဲကာစတင်ထွက်ခွာသွားတော့သည်၊လွန်းမှာရုတ်တရက်ဆိုတော့လန့်သွားပြီးရှေ့ကိုလှည့်လိုက်မိသည်၊ပြီးမှစူပုတ်ပုတ်နဲ့ဒိုင်ယာရီ့ကိုမော့ကြည့်တော့ဒိုင်ယာရီကရှေ့ကိုသာစိုက်ကြည့်နေသည်၊မြင်းပေါ်ကနေလှုပ်စိလှုပ်စိနဲ့လွန်းကဒိုင်ယာရီ့ရင်ခွင်ထဲကနေစူပုတ်နေတော့သည်၊သူပဲနမ်းမလိုလာလုပ်ပြီးအခုကျတော့မျက်နှာသေနဲ့။

[ဇာတ်လိုက်မကပါးလေးပဲကိုင်လိုက်တာပါHostရယ် Hostကသာ]

နင့်ပါးစပ်ကိုပိတ်..!။

လွန်းကဒိုင်ယာရီ့ကိုမျက်စောင်းထိုးပြီးရှေ့ကိုလှည့်သွားတော့သည်၊ဒိုင်ယာရီကရင်ခွင်ထဲမှာရှိနေတဲ့လွန်းကိုငုံ့ကြည့်ပြီးနှုတ်ခမ်းတွေကွေးတက်သွားအောင်ပြုံးလိုက်လေသည်၊

"မြင်းမစီးတတ်ပဲဘာလို့စီးလာတာလည်း"

"ဘာလို့မြင်းမစီးတတ်ရမှာလည်း ကျွန်တော်မျိုးမကအရမ်းမြင်းစီးကျွမ်းတာပါနော် အခုဟာကအဲ့မြင်းကကောင်းကောင်းမသွားတတ်တာ"

"အဟက်!"

ဒိုင်ယာရီရဲ့ရယ်သံကြောင့်လွန်းကမျက်လုံးလေးတွေဝိုင်းစက်သွားပြီးရင်ခွင်ထဲကနေမော့ကြည့်သည်၊ဒိုင်ယာရီရယ်လိုက်တဲ့အချိန်မှာလွန်းတကယ်မထင်ထားခဲ့တဲ့ပါးချိုင့်လေးကထင်းထွက်လာခဲ့သည်၊ချောမောပြေပြစ်တဲ့ပါးပြင်ပေါ်မှာချိုင့်ဝင်သွားတဲ့ပါးချိုင့်နက်နက်တွေကလွန်းကိုအံ့အားသင့်သွားစေသည်၊ရှိနေမယ်လို့တကယ်မထင်ထားတာပင်၊ဒီလူသားကဒီလောက်အထိပြည့်စုံလိမ့်မယ်လို့လေ။

အမြဲတင်းတင်းပိတ်ထားတဲ့နီညိုရောင်နှုတ်ခမ်းတွေကအခုတော့သွားတန်းညီညီတွေပေါ်တဲ့အထိရယ်နေတာမို့လွန်းမှာအသက်ရှူဖို့မေ့သွားသည်အထိငေးကြည့်နေမိသည်၊အရမ်းပြည့်စုံလွန်းသည်၊ဘာလို့အဲ့ဒီနီညိုရောင်နှုတ်ခမ်းတွေကော့တက်သွားတာကဒီလောက်အထိပြည့်စုံနေရတာလည်း၊ဒိုင်ယာရီရယ်တာကိုလွန်းတကယ်မမြင်ဖူးခဲ့ပေ၊အခုမြင်ပြီးသွားတော့လည်းဒီအပြုံးတွေကိုပျောက်ကွယ်မသွားစေချင်၊

ငါ့မိဖုရားWhere stories live. Discover now