အပိုင်း(၁၇)
{သံဇဉ်ချိုရဲ့ပေါက်ကွဲမှု}လွန်းမျက်လုံးလေးတွေပိုပြီးပြူးကျယ်သွားပြီးဒိုင်ယာရီ့ကိုတအံ့တဩမော့ကြည့်လိုက်သည်၊လွန်းတော့အိမ်မက် မက်နေတာထင်သည်၊သူကလွန်းကိုငါ့မိဖုရားလို့ခေါ်လိုက်တာလွန်းနားကြားမှားတာတော့မဟုတ်လောက်ပါဘူးနော်။
"အ အရှင်မ ဘာပြောလိုက်တာလည်းဟင်"
"မင်းကငါ့ရဲ့ပိုင်ဆိုင်မှုလို့...ငါ့မိဖုရားဖြစ်ပေးမလား မဟုတ်ဘူး ဖြစ်ပေးရမယ် ငါကမင်းကိုအပိုင်းသိမ်းလိုက်ပြီ"
"အ အရှင်မ ကျွန်တော်မျိုးမကိုနောက်နေတာလား ကျွန်တော်မျိုးမကိုမုန်းနေတဲ့သူကအခုတော့လက်ဆက်မယ်ဟုတ်လား"
"ငါမင်းကိုမမုန်းပါဘူး"
လွန်းလက်သီးဆုပ်လေးတွေထဲကဒိုင်ယာရီ့ရဲ့ဝတ်ရုံစကိုပြန်လွှတ်ပေးလိုက်မိသည်၊အခုပဲအနမ်းခံရပြီးအခုပဲမိဖုရားတင်မြှောက်မယ်ဆိုတော့လွန်းရူးသွားတော့မလိုပင်၊ပြီးမှတစ်စုံတစ်ခုကိုသတိရသလိုဒိုင်ယာရီ့ကိုအလန့်တကြားမော့ကြည့်လိုက်သည်။
"အရှင်မက ကျွန်တော်မျိုးမကို လွန်း..လွန်းလို့ခေါ်လိုက်တာမလား"
"အင်း အထိန်းတော်ကြီးခေါ်တာကြားမိလို့လေ မင်းနာမည်ကကြည်နူးရိပ်လို့သိထားပေမဲ့လွန်းဆိုတဲ့နာမည်ပါထပ်ရှိနေတာပဲ ဒီနေ့ကစပြီးမှတ်ထား အဲ့နာမည်လေးကိုငါတစ်ယောက်ထဲပဲခေါ်မယ် ငါ့မိဖုရားကိုငါတစ်ယောက်ထဲခေါ်ခွင့်ရှိတဲ့နာမည်လေးအဖြစ်ရှိနေရမယ်နော်လွန်း"
လွန်းနှုတ်ခမ်းလေးတွေကော့တက်သွားရပြီးခေါင်းလေးငြိမ့်ပြလိုက်သည်၊ဒိုင်ယာရီကလွန်းကိုယ်လေးကိုရင်ခွင်ထဲထည့်ပြီးအသာဖက်ထားလေသည်၊ဒိုင်ယာရီ့ရင်ခွင်ထဲခေါင်းလေးမှီရင်းလွန်းကဒိုင်ယာရီ့ကိုမော့ကြည့်လာသည်၊ထိုနည်းတူဒိုင်ယာရီကလည်းပြန်လည်ငုံ့ကြည့်နေကာလွန်းရဲ့ကြည်လင်ရှင်းသန့်နေတဲ့ပါးပြင်နုနုကိုလက်နဲ့ထိတွေ့လာသည်၊လွန်းမျက်လုံးလေးတွေမှိတ်ချလိုက်ပြီးလက်ချောင်းရှည်တို့ရှိနေတဲ့ပါးပြင်ကအထိအတွေ့ကိုခံစားနေမိသည်၊ခဏအကြာလွန်းရဲ့နဖူးပြေပြေလေးပေါ်နွေးကနဲဖြစ်သွားသည်၊အကြောင်းကတော့ဒိုင်ယာရီ့နှုတ်ခမ်းတစ်စုံကခစားလာလို့ပင်။
YOU ARE READING
ငါ့မိဖုရား
Romanceဟာသ။ ရိုမန့်တစ်။ ဤဇာတ်လမ်းသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပြီးပါဝင်သောဇာတ်ဝင်ခန်းများကလည်းစာရေးသူ၏အတွေးပုံရိပ်များသာဖြစ်သည်🙏🙏။ System Ficလေးဖြစ်ပြီးဟာသနဲ့ရိုမန့်တစ်ဖြစ်လို့ပေါ့ပေါ့ပါးပါးလေးသွားကြတာပေါ့။