Heart aches

378 38 5
                                    

အလွန်ခိုက်ခိုက်တုန်အောင်အေးပြီး နှင်းများပင်ခပ်ဖွဲဖွဲကျနေသော ဆောင်းမနက်ခင်း တစ်ခု။

မင်းသားငယ်လေးဟန်ဘင်း ၏ ပေါ့ပါးသွက်လက်သောခြေလှမ်းတို့ဦးတည်ရာက ဖွားဖွားမယ်တော်ကြီး၏ နန်းဆောင်တော်သို့..။
မနက်ခင်းညီလာခံမပြီးသေးသဖြင့် အစ်ကိုတော်ပြန်လာလျှင် ကျင်းပမည့် စားပွဲသောက်ပွဲအား ဦးဆောင် ကျင်းပပေးချင်သည်ကို ဖခမည်းတော် လျှောက်ထား၍မရသေးသောကြောင့် ဖွားဖွားမယ်တော်ကြီးဆီသို့ လာကာ သတင်းကောင်းပြောပြရင်းစစ်ကူတောင်းမည့်အကြံဖြင့်ရောက်လာရခြင်းဖြစ်သည်လေ။

" သားတော်လေး မယ်တော်ကြီး ဆီသွားမလို့လား တူတူသွားကြ‌တာပေါ့"

လမ်းတွင် မိဖုရားခေါင်မယ်မယ်နှင့် ထပ်တွေ့သဖြင့် မင်းသားလေး၏ ကြယ်ပွင့်လေးလို တောက်ပသည့်အပြုံးလေးမှာ အလိုလိုပင်နှစ်ဆဖြစ်သွားသည်။သူ အစ်ကိုတော့် စားသောက်ပွဲကို ပြင်ဆင်ပေးဖို့အတွက် စစ်ကူနောက်တစ်ယောက်ထပ်ရောက်လာသည်ကိုး။

" ဖွားဖွားမယ်တော်ကြီး /မယ်တော်ကြီး ကို ဂါရဝပြုပါတယ်"

"လာလာ ထိုင်ကြ"

မယ်တော်ကြီးက ပြုံးပြုံးပြုံးပြုံးနဲ့ ခေါင်းလေးတဆတ်ဆတ်ညိတ်ရင်း မင်းသားလေး ဟန်ဘင်းနဲ့ မိဖုရားခေါင်ကြီးကို ကြိုဆိုသည်။
မင်းသားလေးဟန်ဘင်းကလည်း အချိန်မဆွဲတော့ပဲလာရင်းကိစ္စကို မယ်မယ်တို့ဆီကို ပြောပြလိုက်တော့သည်။

"နောက်ဆယ်ရက်လောက်နေရင် အစ်ကိုတော် အိမ်ရှေ့စံမင်းသား ပြန်ရောက်မယ်လို့ ‌သတင်းရပါတယ် အဲ့တာကြောင့် ဖွားဖွားမယ်တော်ကြီးကို သတင်းကောင်းလေးလာလျှောက်တင်တာပါ။
ပြီးရင်း မယ်မယ့် ဆီဝင်ဦးမလို့ပါပဲ မယ်မယ်လည်းရောက်လာတော့အတော်ပဲဖြစ်သွားပါတယ်"

"ဟယ် တကယ်လား မြေးတော်ကြီးပြန်ရောက်မယ်ဆိုတော့ မြေးတော်လေးကတော့ပျော်နေတော့မှာပဲ ဟုတ်တယ်မလား"

ခပ်ပြုံးပြုံးနှင့် စသလို နောက်သလို ဆိုလာသောဖွားဖွား မယ်တော်ကြီး၏စကားကြောင့် မင်းသားလေးဟန်ဘင်းခမျာ အနည်းငယ် မနေတတ် မထိုင်တတ်ဖြစ်သွားရသည်။သို့သော် နောက်ပြောမည့်စကားအား စကားဦးသန်းပေးလိုက်သလိုဖြစ်သွားသည်မို့...

Star And Sun Where stories live. Discover now