fluttering heart

299 30 3
                                    

"သူ့နာမည်က ဆော့အူဟျွန်းတဲ့
အစ်ကိုတော် ခဏထားခဲ့တာ
အထိန်းတော်ကြီးကပဲ ကြည့်ကြပ်လုပ်လိုက်ပါ..."

ကောင်ငယ်လေးမှာ အလွန်ဖြူစင်ရိုးသားပုံဖြင့်နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့သော်လည်း ဟန်ဘင်းကတော့ဖြင့် ကြည့်မိလေ ကြည့်မိလေ စိတ်ညစ်ညူးရလေဖြစ်လာရသည်။ ထို့ကြောင့်အထိန်းတော်ကြီးအား ခေါ်၍ ခပ်မြန်မြန်ပဲရှင်းလိုက်ရသည်။

ဘယ်လောက်ပဲ တည်ငြိမ်နေပါစေ အစ်ကိုတော်အိမ်ရှေ့စံနဲ့ပတ်သတ်လာလျှင်ဖြင့် လုံးလုံးကိုမတည်ငြိမ်နိုင်သည့် ကိုယ့်အခြေအနေကြောင့်လည်း ဟန်ဘင်း ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်မိသည်။
ဒီလို တုန်လှုပ်နေတဲ့နှလုံးသားကို ရင်ဝယ်ပိုက်ပြီးဘယ်လိုများ အိမ်ရှေ့စံကိုယ်တော့်ကို ဆက်တွေ့နိုင်ပါမည်နည်း။
ပြီးတော့ မယ်မယ်ဖုရားတို့ပြင်ဆင်နေတဲ့ အဲ့ဒီ့အမျိုးသမီး..
ဟန်ဘင်းတကယ်ကြီးဆက်မတွေးနိုင်တော့ပဲ လုပ်လက်စစာရင်းဇယားတွေကို ပစ်ချပြီး ဆုတောင်းနန်းဆောင်ဆီ ဦးတည်လိုက်သည်။
တလိပ်လိပ်တက်လာသည့် မနာလိုမှုတွေနဲ့ ဆတူအပြစ်ရှိမှုတွေကို လျော့ပါးစေဖို့ ဒူးပဲဖြစ်ဖြစ် ထောက်ပြီးကိုယ်ခန္နာကိုယ်ကို ညှဉ်းဆဲရင်း မိုးနတ်မင်းကြီးဆီကို ဖြစ်မြောက်မလာနိုင်တဲ့ ဆုတစ်ခုတည်းကိုပဲ ထပ်ခါတလဲလဲ ဆုတောင်းပါမည်။
ဒီညတော့ ဆုတောင်းနန်းဆောင်မှာပဲ အချိန်ကုန်တော့မည်ထင်ပါသည်။

^⁠_⁠_⁠_⁠_⁠_⁠_⁠_⁠_⁠_⁠^^⁠_⁠_⁠_⁠_⁠_⁠_⁠_⁠_⁠_⁠^^⁠_⁠_⁠_⁠_⁠_⁠_⁠_⁠_⁠_⁠^

"အိမ်ရှေ့စံ ကိုယ်တော်ပြန်ရောက်လာပြီလို့  အိမ်ရှေ့စံ နန်းဆောင်က အကြာင်းကြားလာပါတယ် မင်းသားလေး"

ဆုတောင်းနန်းဆောင်ထဲတွင် ဆုတောင်းစာများ ရေးနေရင်း အထိန်းတော်ကြီး လာပြောသောစကားကြောင့် မင်းသားလေးဟန်ဘင်းမှာ ပြာယာခတ်သွားရပြီး အိပ်ဆောင်ကို အလျင်အမြန် ‌ပြန်ပြေးရသည်။လမ်းတလျှောက်တွင်လည်း အထိန်းတော်ကြိးဆီက စူးစမ်းဖို့မမေ့ပါ။

"အစ်ကိုတော် ဘယ်တုန်းက ပြန်ရောက်တာတဲ့ လဲ"

"ခုနကလေးတင်ပြန်ရောက်တာလို့ပြောပါတယ် မင်းသားလေး"

Star And Sun Where stories live. Discover now