" တကယ်ပဲလား ဟန်ဘင်း တကယ်လုပ်မှာလား"
ဟာအို့အမေးကို ခပ်ဖွဖွအပြုံးဖြင့်သာတုံ့ပြန်လာသောမင်းသားလေးဆောင်းဟန်ဘင်းကြောင့် ပင် ဟာအို သက်ပြင်းမောတစ်ခုချမိလိုက်သည်။ ဆော့အူဟျွန်းဆိုသည့်ကလေးကိုလည်းမမြင်ဖူးသည့်တိုင်အောင် အနည်းငယ်မျှတော့သနားစိတ်ဝင်မိပါ၏။
သို့သော် သူသည်လည်း ဟန်ဘင်းနီးကဲ့သို့ပင်အခြေအနေမို့ ထူးပြီးတော့လည်းမသနားမိပါ။အနည်းငယ်မျှသာကရုဏာသက်မိခြင်း..."သေစေလောက်အောင်ထိတော့မရည်ရွယ်ပါဘူး
စိတ်ဒုက္ခရောက်ရုံလောက်ပဲ သူကမီးလောင်တာကိုအကြောက်ဆုံးပဲတဲ့ အစ်ကိုတော်ပြောသွားတယ်....အဲ့တော့ငါက နန်းတော်ထဲကအဆောက်အဦ ဟောင်းတစ်ခုခုကို သုံးပြီးသူ့ကို နည်းနည်းမှတ်သွားအောင်လုပ်ရုံပါပဲ...
ဒါမှသူလည်းသူ့နေရာသူသိမှာပေါ့
ပြီးတော့ အသစ်စက်စက်အပြစ်ခံပေးမဲ့ မရီးတော် လည်းရောက်လာပြီလေ"ခပ်ရွဲ့ရွဲ့ပြုံးရင်း ထပ်ပြောလာတဲ့ ဟန်ဘင်းကြောင့်ပင် ဟာအို သက်ပြင်းမောတစ်ခုထပ်မံ၍ချရပါ၏။ သို့ပေသည့် ဆန္ဒတော်ဖြည့်ဆည်းပေးရန်တာဝန်ကိုမပေးခင်ကတည်းကယူထားနှင့်သူမို့...
"အဲ့တော့ ငါက ဆော့အူဟျွန်းကို အဲ့နေရာ ခေါ်လာပေးရမှာလား?"
ဟာအိုပြောလိုက်တော့ ထပ်မံ၍နူးနူးညံ့ညံ့ဖွဖွလေးပြုံးပြလာသည့် ဟန်ဘင်းနီး...
ယခုလိုသာအမြဲတမ်းပြုံးပြမည်ဆိုပါလျှင် ဆော့အူဟျွန်းကို မျှားခေါ်ဖို့မဆိုထားနှင့် ကိုယ်တိုင်ပင် မီးထဲခုန်ချဖို့ရာရဲပါသည်လေ။"အဲ့တာဆို သွားတော့လေ ဟာအို ငါဆုတောင်းနန်းဆောင်ဘက် ခဏသွားလိုက်ဦးမယ်"
ခပ်အေးအေးဖွဖွကလေးပြုံးကာ ဆိုလာပါသော မင်းသားလေးဟန်ဘင်းမှာ ဆုတောင်းနန်းဆောင်ကိုသာ ယခုစိတ်နှင့်သွားလျှင်ဖြင့်
တစ်နေကုန်တစ်နေခမ်း ဒူးထောက်ရင်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတော့မည် ဆိုသည်ကို သိသောကြောင့် ဟာအိုစိတ်မကောင်းဖြစ်ရပြန်သည်။"ငါ ဆော့အူဟျွန်းဆိုတဲ့ကလေးကို မမြင်ဖူးသေးဘူးလေ
ငါမင်းကိုသေချာပေါက် ကူညီပေးမှာမလို့
ငါ့ကိုအဲ့ကလေး လိုက်ပြရင်း
နန်းတော်ထဲ လမ်းလျှောက်ထွက်ရအောင်"