a tree branch

296 31 7
                                    

ဘဝမှာ လုံးဝမြင်တွေ့ဖို့မရဲခဲ့ပါသောမြင်ကွင်း ဖြစ်သည်မို့ ခပ်သွက်သွက်ပဲ ပြန်လှည့်ပြီး ခပ်သွက်သွက်ပဲ အဆောင်တော်ကို ပြန်လှည့်လာလိုက်ရသည်။ အထိန်းတော်ကြီးကတော့ဖြင့် ဘေးနားကပ်ကာ တဖွဖွတောင်းပန်စကား ဆိုလာသော်ငြား ဟန်ဘင်းကစိတ်မဆိုးနိုင်ပါ။
တကယ်ကို ရေပူစမ်း ကန် က နန်းတော်အနောက်ဘက် အတော် လှမ်းတဲ့နေရာမှာရှိပြီး သွားတဲ့လူလည်းသိပ်မရှိတာမို့ လူတစ်ယောက်အား ဘယ်သူမှမသိစေပဲ နန်းတော်ထဲထားလိုပါလျှင် ရေပူစမ်းသန့်ရှင်းရေးအမှုထမ်းသည်သာ အကောင်းဆုံးရွေးချယ်မှုပင်...
သို့သော်ငြား တိုက်တိုက်ဆိုင်ဆိုင် ချိုးရေတော်အသင့်ပြင်ထားပါလျက်ကနဲ့ ရေပူစမ်းဆီကိုမှ ထွက်ခွာသွားသော အစ်ကိုတော် အိမ်ရှေ့စံကို အပြစ်မတင်ရက်သည်မို့ အစ်ကိုတော့်ရှေ့မြင်ကွင်းထဲဝင်လာပါသော ဆော့အူဟျွန်းဆိုသည့်ကလေးကိုသာအပြစ်တင်ရပေမည်။

နိမ့်ကျသည့်သန့်ရှင်းရေးဝန်ထမ်းက အိမ်ရှေ့စံကို မှန်းရဲသည်ပေပဲ...
မင်းသားလေးဟန်ဘင်းက အိမ်ရှေ့စံ ဂျီအွန်းနှင့်ပတ်သတ်လာလျှင်တော့ဖြင့်မည်သည့်အရာမှအစွန်းအထင်းအဖြစ်မခံနိုင်ပါ။

"မင်းသားလေး ဟန်ဘင်း အိမ်ရှေ့စံကြွလာပါတယ်"

အထိန်းတော်ကြီးရဲ့ လျှောက်ထားသံကိုကြားရချိန်မှာ ဟန်ဘင်း ခန္ဓာကိုယ်ကို ဆတ်ခနဲတည့်မတ်လိုက်ရင်း စိတ်လွတ်နေသည့် ကိုယ့်ကိုယ်ကိုယ် မနည်းပြန်သတိချပ်ရသည်။
ခဏနေ အစ်ကိုတော်အိမ်ရှေ့စံ အဆောင်ခန်းထဲကြွလာမည်မို့ ထိုင်ဖုံတစ်ခုပေါ်ကိုသွားပြီးနေရာလဲထိုင်ရင်း အခုထိမလဲရသေးသည့်ဝတ်စုံကို ပိုမိုသေသပ်သွားအောင်ပြုပြင်ရင်း စိတ်လှုပ်ရှားစွာ အစ်ကိုတော့်ကိုစောင့်နေမိသည်။

" ဘင်းလေး အစ်ကိုတော်ဝင်လာပြီနော်"

"ဟန်ဘင်း " ဟူသည့် နာမည်ကို "ဘင်းလေး" ဆိုပြီး ချစ်စနိုးခေါ်လိုက်သည့်အစ်ကို့တော့်အသံကြောင့်ပင် ဟန်ဘင်း၏ မောဟလှိုင်းထန်နေခဲ့သည့် စိတ်ပင်လယ်မှာ တမဟုတ်ချင်းငြိမ်သက်သွားရသည်။သူ ဤနာမည်ခေါ်သံလေးကို ဘယ်လောက်အထိလွမ်းဆွတ်ခဲ့လိုက်ရသလဲလေ..

Star And Sun Where stories live. Discover now