Unicode
"ချေဘင်း မင်းဒီတိုင်းဆက်နေလို့မရဘူးနော်"
"ဘာကိုလည်း"
"ဦးခက်မုန်းနဲ့ပက်သက်ပြီးတော့လေ
ရစ်ရစ်ကငယ်သေးလို့ နေလို့ရတာ"Daxပြောတာကိုချေဘင်းညတန်နားလည်ပါတယ်။ဒါပေမယ့်ဆက်ပြောဖို့စကားတွေပျောက်နေရသည်။သူ့ဘာလုပ်သင့်လည်းဆိုတာမစဥ်းစားတတ်တော့ဘူး။
"Laxကဘာမေးတယ်ထင်လည်း
Daddyချေနဲ့ဖေဖေကရန်ဖြစ်ထားတာလားတဲ့""Laxကအဲ့လိုဘဲမေးတာလား"
"ငါဘယ်တုန်းက ကလိမ်ကကျစ်ပြောဖူးလို့လည်း"
"ငါ့ကိုတစ်လျှောက်လုံးလိမ်ထားပြီးမှ"
"အဲ့ဒါကတော့အခြေအနေအရ"
ချေဘင်းညတန် စိတ်မောသွားရသည်။Laxတောင်ဒီလိုထင်တယ်ဆိုရင်သူ့သားငယ်လေးကရော။ခုတောင်သားငယ်ကအနည်းငယ်နားလည်နေပြီးလေ10လထဲရောက်နေတော့လမ်းလည်းစပြီးလျှောက်ချင်နေပြီး။တစ်ခုခုဆိုဖအေနှသ်ယောက်ရဲ့မျက်နှာအရိပ်အကဲကိုလည်းနားလည်နေပြီ
"ရစ်ရစ်က သာမန်ကလေးတွေလိုမဟုတ်ဘူးလေ၊သူကယောကျာ်လေးနှစ်ယောက်ကမွေးထားတဲ့ကလေး။သာမန်ကလေးတွေတောင်ဘမိဘတွေအဆင်မပြေရင်စိတ်ဒဏ်ရာဖြစ်ကြတာကို ရစ်ရစ်ဆိုပိုဆိုးမှာပေါ့"
"ဟင်း"
"ဦးခက်မုန်းလည်း အရင်လိုမဟုတ်တော့ပါဘူး။သူလည်းမင်းကိုအရမ်းချစ်တာမင်းလည်းသိတယ်မလား။သူပြောင်းလဲသွားတာငါတို့ထက်မင်းကပိုသိတယ်မလား။သူကထုတ်ပြတတ်တဲ့လူလည်းမဟုတ်ဘူးဆိုတော့ကွာမင်းဘက်ကဖြစ်ဖြစ်ကလေးမျက်နှာမလျော့ပေးချင်ဘူးလား။ရစ်ရစ်လေးကိုမွေးထားတာ10လတောင်ရှိပြီးကို"
Daxပြောတဲ့စကားကအမှန်တွေပင်
ဦးခက်မုန်းရာကလူအစားထိုးထားသလိုအရင်ဦးခက်မုန်းရာနဲ့တစ်ခြားစီ။နီးစပ်ချင်ပါရဲ့ ဘာလို့ဝေးနေကြတာပါလိမ့်။ဦးခက်မုန်းရာက အတ္တကြီးရင်သူကမာနကြီးသည်။သူ့တို့ချစ်ခြင်းကြားအတ္တနဲ့မာနတို့ကတင်းခံနေကြတာကသူတို့ကိုဝေးကွာစေတာလား။"မင်းလည်း သူကိုချစ်နေသေးတာဘဲချေဘင်းရယ်။မာနတွေလျော့ပြီးပြန်အဆင်ပြေအောင်လုပ်လိုက်ပါရစ်ရစ်အတွက်ဘဲဖြစ်ဖြစ်။ပြန်အဆင်ပြေဖို့ကမြန်လေကောင်းလေဘဲ"
YOU ARE READING
Villain is Your Husband (season-2)
RomanceUnicode "ငါတို့အတ္တလေးတွေလျော့ကြရအောင်လားမောင်" "အတ္တ...ဟက် ကျုပ်မှာခင်ဗျားနဲ့ပက်သက်ပြီးအတ္တထားစရာအကြောင်းမှမရှိတာ" Zawgyi "ငါတို့အတ္တလေးတွေလျော့ကြရအောင်လားမောင်" "အတ္တ...ဟက် ကျုပ်မှာခင်ဗျားနဲ့ပက်သက်ပြီးအတ္တထားစရာအကြောင်းမှမရှိတာ" full credit to the ar...