ep27

20.7K 1.1K 36
                                    

Unicode

"ဟိုကောင်လေး ကလေးကိုငါတို့ကိုလည်းပေးချီပါအုံး"

Dအပြောမှာဆွေ့ကြည့်လာတဲ့အညိုကောင်၊ချေဘင်းနဲ့ဦး​ခက်မုန်းရဲ့ဧည့်သည်မို့သာသည်းခံနေတာကိုယ့်ကလေးကိုဒီနေ့တစ်နေ့ကုန်မချီရသေး။တစ်နေ့ကုန် ရစ်ရစ်အိပ်တဲ့အချိန်ဘဲလက်ကချသည်။ဖြစ်သင့်လား

"ရစ်ရစ်ကKeiနဲ့ဘဲနေချင်တာ"

ကလေးကိုခပ်တင်းတင်းဖက်ကာနှုတ်ခမ်းထော်ကာပြောပြန်သည်။ဒီကောင် စိတ်ရှိလက်ရှိသာလုပ်မယ်ဆို အရိုးတခြားအသားတခြားဖြစ်တော့မှာဘဲ

"ရစ်ရစ် Daddyဆီလာ"

လိုက်ချင်သောရစ်ရစ်ကိုဟိုဘက်ခေါ်သွားသောkeiဆိုတဲ့စွာတေးလန်။Dတကယ်ကိုဒေါသထွက်လာသည်။

"ကလေးက ငါဆီလာချင်နေတာ
အသိသာကြီးကို"

"ပြောလို့လား
ရစ်ရစ်ပြောသံကိုလည်းမကြားမိပါဘူး"

"ဟ့ ရစ်ရစ်ကဘယ်ပြောတတ်မှာလည်း"

"Daddyလို့တောင်ခေါ်နေပြီးဟာကို
လိုက်ချင်ရင်ပြောမှာပေါ့။အခုkeiလက်ထဲမှာလည်းပျော်နေတာဘဲကို"

"ဒီကောင် ကတ်သီးကတ်သပ်နဲ့ ငါလုပ်လိုက်ရင်သေတော့မယ်"

"အမယ် ​သူကများပြောရတယ်ရှိသေး
keiမှာလည်းလက်နှစ်ဖက်လုံးပါပါတယ်"

တကယ်Dဒေါသထွက်လာသည်။ကိုယ့်လူတွေထဲမှာလည်းဒီလောက်စွာတေးလန်ကျပြီးကတ်သီးကတ်သပ်နဲ့လူမရှိလို့လားတော့မသိ။ရှေ့ရှိကောင်လေးကိုအရည်ပျော်မတက်စိုက်ကြည့်ပေးလိုက်တော့သည်။ငနဲ့သားလေးကတော့ကြောက်ရမှန်းလည်းမသိ။လန့်ရမှန်းလည်းမသိ

"kei"

"ဟုတ်"

"ရစ်ရစ်လေးကို ပေးချီလိုက်ပါ
ရစ်ရစ်လေးလည်းသူ့Daddyတွေဆီသွားချင်မှာပေါ့"

"ရော့"

ကလေးကိုသူကိုထိုးပေးလာတာမို့D ရစ်ရစ်ကိုချီလိုက်သည်။အမဲရောင်t shirtနဲ့ဘောင်းဘီအနက်လေးနဲ့သားကသန့်ပြန့်ပြီးချစ်ဖို့ကောင်းနေသည်။မထင်မှတ်ထားစွာရှေ့ရှိKeiဆိုတဲ့ကောင်လေးကသူ့ကောင်လေးစကားကိုတော့နားထောင်သား။ချေဘင်းပြောသလိုလင်တရူးထင်သည်။

Villain is Your Husband (season-2)Where stories live. Discover now