ep2

26.6K 1.3K 271
                                    

Unicode

"နင် ဒီတိုင်းဘဲနေမှာလား ခက်မုန်း"

"ကိုယ့်ဘာသာကို အေးဆေးနေစမ်းပါ နန်းရယ်"

နန်းသစ္စာ ခက်မုန်းအားကြည့်ကာသက်ပြင်းခပ်ဖွဖွလေးချလိုက်သည်။သူ့အလုပ်ကိုအာရုံစိုက်နေတဲ့ကောင်လေးကသူ့စကားကိုအာရုံစိုက်ပုံမပေါ်။သူ့စကားမှမဟုတ်ဘာမှကိုဂရုမစိုက်တော့တာ

"ချေဘင်းညတန် မသေဘူး"

ကွန်ပျူတာပေါ်ကပြေးလွှားနေတဲ့လက်ချောင်းလေးတွေကတိကနဲ့၊ဘာကိုမှဂရုမစိုက်တဲ့လူကသူကိုခပ်ဆွေးဆွေးမျက်လုံးကြီးနဲ့ကြည့်လာသည်။

"ဒါ စလို့ရတဲ့အရာမဟုတ်ဘူး။နန်း"

"ငါ စနေတာမဟုတ်ဘူး၊ခက်မုန်း
ငါ့ကိုယ်တိုင်တွေ့လာတာ"

လူသေတစ်ယောက်လိုဖြစ်သွားတဲ့ခက်မုန်းကိုကြည့်ပြီးနန်းသစ္စာသနားရုံသာ။သူကဘာမှမလုပ်ပေးနိုင်တဲ့လူတစ်ယောက်ထက်မပို။

"သူ...သူ...အ့!"

"ဟဲ့ သတိထားအုံး"

မျက်ရည်တွေစီးကျကာအရုပ်ကြိုးပျက်ဖြစ်နေတဲ့လူကအရာအားလုံးကိုလက်ခံဖို့ခဲယဥ်းသလိုမျိုး။ခံစားချက်တွေကိုထုတ်ဖော်ပြရတာမုန်းတဲ့ခက်မုန်းကြောင့်သူအနေနဲ့အိမ်ကိုပြန်တာအကောင်းဆုံးပင်။အပြင်ရောက်မှဟိန်းထက်ကိုမှာပြီးပြန်ရသည်။

~~~~~

"မောင် မသေဘူး"

ဟုတ်တယ်။မောင်
မာနနဲ့အတ္တတွေကြားဒီလူကိုလုံးဝမချစ်ရပါဘူးလို့တစ်သွင်သွင်အော်ဟစ်နေပေမယ့်မသိစိတ်ကတော့ဒီလူကိုအတော်ကိုရူးသွပ်ခဲ့ပြီး

မချစ်သင့်တဲ့လူကိုချစ်မိတဲ့အခါပြန်ရတာကနောင်တတဲ့ပိုဆိုးတာကချစ်တဲ့လူကဘယ်တော့မှပြန်မလာနိုင်တော့တဲ့အခါ၊သူရူးဖို့အကြောင်းအရင်းကခိုင်လုံနေပြီး

ဒုတိယအကြိမ်ချစ်မိခြင်း
ပိုနာကျင်ရတယ်။အရူးလုံးလုံးမဖြစ်သော်လည်းအရူးတစ်ယောက်လို့ဖြစ်ခဲ့ရသည်။

နောက်ဆုံးချိန်ထိမချစ်ဘူးလိုတစ်သွင်သွင်အော်နေတဲ့ခက်မုန်းစေရာကမာနတွေခဝါချပြီးရင်တော့ချေဘင်းညတန်အားသိပ်ချစ်ရပါတယ်။အရူးတစ်ယောက်လိုတမ်းတမ်းစွဲဖြစ်ခဲ့ရပါတယ်။

Villain is Your Husband (season-2)Donde viven las historias. Descúbrelo ahora