Unicode
"ဖေ"
ရစ်ရစ်တစ်ယောက်မနေ့ထဲကငိုပြီးဒီနေ့ နေမကောင်းဖြစ်သည်။ပြန်ရောက်ထဲက သူ့ကိုစကားမပြောတဲ့ဖအေကို တစ်ခေါ်ခေါ်နဲ့။ယခုခက်မုန်းစေရာ ရစ်ရစ်နေမကောင်းတာမို့အတူရှိနေသော်လည်းမျက်နှာတည်ကာဒီတိုင်းဘာစကားမှမပြောဘဲနေလိုက်တော့သည်။ကလေးကငယ်သေးတယ်ဆိုပေမယ့် ဘယ်လောက်ဆိုးလည်းဆိုတာခင်ဗျားတို့အသိဆုံး
"ဦးခက်မုန်း သားကိုစကားနည်းနည်းပြောပါအုံး"
Dပေါင်ပေါ်မှာမျက်နှာငယ်လေးနဲ့လှဲနေတဲ့ကလေးကိုတစ်ချက်ကြည့်ကာအကြည့်လွဲလိုက်သည်။ကြောက်ပေါက်လေးကဥာဏ်နီဥာဏ်နက်တွေများနေလွန်းသည်။ဖျားသာဖျားတာ
"အရုပ်မတွေ ဝယ်ခိုင်းအုံးမလား ရစ်ရစ်"
ခက်မုန်းစေရာ ခပ်တည်တည်မေးတော့မျက်လုံးလေးတွေမှိတ်ပြီးအိပ်ချင်ယောင်ဆောင်သွားသည်။အဲ့ဒါကိုDကအသည်းယားသွားဟန်သူ့ပါးကိုတဖွဖွနမ်းသည်။
"ဖေ"
ခပ်တိုးတိုးထွက်လာတဲ့အသံသေးသေးကြောင့်အကုန်လုံးကမျက်နှာမကောင်းကြတော့။ခက်မုန်းစေရာကိုယ်တိုင်လည်းသားကိုသနားသွားသည်။ဘာဘဲဖြစ်ဖြစ် သားကငယ်သေးတာဘဲ။အများကြီးဖိအားပေးလို့မရမှန်းခက်မုန်းစေရာနားလည်ပါတယ်
"ဖေ"
နောက်တစ်ကြိမ်ခေါ်မှုမှာတော့သားမျက်ဝန်းမှာအရည်တွေပြည့်လျှံလာတော့သည်။ခက်မုန်းစေရာ သားကိုချီလိုက်ပြီးပါးကိုဖွဖွလေးတစ်ချက်နမ်းလိုက်သည်။အနည်းငယ်နွေးတေးတေးဖြစ်နေတဲ့ပါးပြင်ကြောင့်ကိုယ်ကို့ကိုယ်သာဒေါသထွက်မိတော့သည်။
"ဖေ တောင်းပန်ပါတယ် ရစ်ရစ်"
ရင်ဘက်ကိုခေါင်းလေးအပ်ကာသားကငြိမ်သွားသည်။အသက်ရှူသံတိုးတိုးလေးကအိပ်ပျော်သွားဟန်။ခက်မုန်းစေရာပြုံးသွားသည်။ဒီကလေးတက်လည်းတက်နိုင်သည်။ခန္ဓာကိုယ်လေးကိုအသာပွေ့ချီပြီး သူ့အိပ်ရာပေါ်တင်ပေးတော့မျက်လုံးတွေပွင့်လာသည်။
"ဖေ"
"ဖေပါအတူအိပ်ပေးမှာကျွတ်!ကျွတ် ပြန်အိပ် ပြန်အိပ်"
ESTÁS LEYENDO
Villain is Your Husband (season-2)
RomanceUnicode "ငါတို့အတ္တလေးတွေလျော့ကြရအောင်လားမောင်" "အတ္တ...ဟက် ကျုပ်မှာခင်ဗျားနဲ့ပက်သက်ပြီးအတ္တထားစရာအကြောင်းမှမရှိတာ" Zawgyi "ငါတို့အတ္တလေးတွေလျော့ကြရအောင်လားမောင်" "အတ္တ...ဟက် ကျုပ်မှာခင်ဗျားနဲ့ပက်သက်ပြီးအတ္တထားစရာအကြောင်းမှမရှိတာ" full credit to the ar...