1

3.7K 287 57
                                    


" ညကျရင် မောင်နောက်ကျလို့ ရမလားဟန်နီ ..."

မနက်စာပြင်ဆင်ပေးနေသူရဲ့နောက်ကျောလေးကို Taehyung ပွေ့ဖက်ရင် မေးလိုက်သည်။ ဒီည သူ့သူငယ်ချင်းတွေနဲ့ တွေ့ဖို့ ချိန်းထားတယ်လေ ...။ မဆုံရတာ နှစ်နဲ့ချီကြာပြီးဖြစ်တာမို့ ဒီညတော့ အားလုံးဆုံဖို့ချိန်ထားကြလေသည်။

" ဘာကိစ္စရှိလို့လဲ ..?"

ခေါင်းကိုအနည်းငယ်လောက်နောက်သို့စောင်းငဲ့ကြည့်ရင် မေးသည်။ အိမ်ထောင်သက် ၅နစ်ကျော်ကြာလာသည်နှင့်အမျှ ဒီအမျိုးသားလေးကို တစ်နေ့ထက် တစ်န့ ပိုချစ်ရမြဲပဲ။ အားလုံးကိုစွန့်လွှတ်ပြီး ဒီလူကို ရွေးချယ်ခဲ့ရလို့ နည်းနည်းလေးမှ နောင်တမရဖူးပေ။

" သူငယ်ချင်းတွေနဲ့ ဆုံတုန်းလေး.."

" သောက်ဖို့မဟုတ်လား ..?"

ဂုတ်စပ်နေရာလေးကို Kim Taehyung ကနမ်းပြီးတော့မှာ လွှတ်ပေးလိုက်ကာ ထမင်းစားစာပွဲဝိုင်းမှာ ထိုင်လိုက်လေသည်။ ကြိုသိနေတဲ့လူကြောင့် Taehyung ချက်ချင်းအဖြေပြန်မပေးနိင် ။

" နည်းနည်းပါးပါးပေါ့ .."

" မသွားရဘူး .. မောင်တစ်ခွက်လောက် သောက်ပြီးရင် နစ်ရက်လောက် နေမကောင်းဖြစ်လိမ့်မယ်.. "

ဒါတော့အမှန်ပဲ ။ အရက်ကို သောက်နိင်တဲ့လူမဟုတ်ပေ။ ဒါပေမဲ့ ဆုံကျရင်တော့ သောက်ဖြစ်ကျမှာပဲ ။ နစ်နဲ့ချီပြီး မတွေ့ရတဲ့ သူငယ်ချင်းတွေကို မတွေ့လို့လည်း မရပေ။ သူငယ်ချင်းတွေ ဆုံရင်တော့ မသေက်မဖြသ် နည်းနည်းလောက်တော့ သောက်ရမှာပဲ။ သူနဲ့ဟန်နီ ပထမဆုံး ဆုံတွေ့မိကလည်း အရက်မူးတာကနေပဲ စတာမဟုတ်လား ? ။

" ဟန်နီကလဲ မောင်နည်းနည်းလေးပဲ .."

" မောင့်သူငယ်ချင်းက အကျင့်ကောင်းတာ မဟုတ်ဘူး "


" သူများကို မဟုတ်တာ "

" မောင့်သူငယ်ချင်တွေ တော်တော်များများက အိမ်ကမိန်းမကိုပစ်ပြီး အငယ်လေးတွေကိုခေါ်ပြီး လာမှာငါသိတယ်မောင် ...မောင့်ကိုလည်း သူတို့အောင်သွယ်ပေးမှာ "

"မောင်နော် " (Complete )Where stories live. Discover now