" အဲ့တော့ မူးမူးနဲ့ မသိပဲအမ်းလိုက်တယ်ပေါ့ "
Jimin သည်မနက်အိပ်ယာထစ ကုတင်ပေါ်ကမဆင်းသေးတဲ့လူကိုကြည့်ရင် မေးသည်။ Taehyung သည် အိမ်ကလူကိုမပြောပဲ Company ကလူတွေနဲ့ ၀န်ထမ်းတွေနဲ့ နစ်ပတ်လည်နေ့မို့ စုကာဘားကိုသွားတော့ ဘယ်ကမှန်းမသိတဲ့ကောင်မလေးတစ်ယောက်ကို ဘလက်ကဒ်ထဲကနေ ပိုက်ဆံတွေကို ကိုယ်တိုင်ထုတ်လိုက်မိသည်။ တော်တော်လေးကို ပေးလိုက်မိတာ ။
" မောင်မသိဘူး ။ ဘယ်လို့အမ်းလိုက်လဲ ...အဲ့..ပေးလိုက်မိမှန်းမသိဘူး "
ညက အကြောင်းကို သူလုံး၀မမှတ်မိပါ။ အရက်သောက်ပြီး နောက်ပိုင်းကိစ္စကို သူမသိတော့ဘူးပြောရင် ပိုမှန်ပါလိမ့်မည်။ သူ့ရဲ့အကျင့်သည် နစ်ခွက်လောက်သောက်ပြီးရင် ဘာမှမသိတော့တာပဲ။ ဒီပြသာနာက သူ့ရဲ့အတွင်းရေးမှူးကြောင့် အများကြီးပါလေသည်။ မသောက်နိင်ပါဆိုတာကို အတင်းကိုဇွတ်တိုက်လိုက်လို့ ဖြစ်သွားတဲ့ကိစ္စ ။ နေပါစေ ...လခကို ဖြတ်လိုက်အုံးမယ် ။
" အရူးလား ...မသိရအောင် ...တိုက်တစ်လုံးစာလောက် ပေးလိုက်မိတာတောင်မသိရအောင် အရူးလား ...ပြော...မောင် .. မောင်ဖောက်ပြန်ချင်နေတာလား ..?"
. Jimin သည် Taehyung ၏ မျက်လုံးကိုစိုက်ကြည့်ပြီး မေးလိုက်သည်။ Jiminအမေးကြောင့် Taehyung တော်တော်လေးပြာယာခတ်သွားလေသည်။ ဒီတော့မှ Jimin သက်ပြင်းချလိုက်နိင်သည်။ မောင့်ရဲ့မျက်လုံးတွေကို သူဖတ်တက်သည်။ မောင့်ရဲ့မျက်လုံးက ရိုးရှင်းသည်။ အပြစ်ကင်းသည်။ လိမ်ညာရင်လည်း အရမ်းကို သိသာလေသည်။
" အာ..မဟုတ်ဘူး ...မဟုတ်ပါဘူး ဟန်နီရာ ...ဟန်နီတစ်ယောက်နဲ့တောင် မောင်ဘ၀ကြီးက ပတ်ချာလည်လိုက်နေတာ အခြားတစ်ယောက်နဲ့ ဖောက်ပြန်စရာလား...ဖောက်ပြန်တာကို မောင်ဘယ်လိုမုန်းလဲ ဟန်နီသိရက်သားနဲ့ ...ဒါက ဒီမိန်းမ မူးနေတာကို အခွင့်ကောင်းယူသွားတာ... "
ညကအိမ်ပြန်ပို့ပေးတုန်းက မောင့်ရဲ့အတွင်းရေးမှူးက ပြောပြလို့ သူသိသွားပြီးပြီး ။ စုံစမ်းသင့်သလောက်လည်း ချက်ချင်းကို သူစုံစမ်းသွားပြီးပြီး ။ မောင့်ကို သေချာချင်လို့ မေးလိုက်ချင်သာဖြစ်သည်။ မောင့်ကိုမယုံတာတော့ မဟုတ်။ ဒါကြောင့် အလုပ်ကိစ္စမဟုတ်တဲ့အပြင်ဆို သူ ,မပါပဲ သောက်ဖို့ကိစ္စဆိုရင် ခွင့်မပြုတာဖြစ်လေသည်။ Company ရဲ့နှစ်ပတ်လည်ဖို့ သူ,မတားသလို ၊ သူတို့ဘက်က company ကလည်း ပရောဂျတ်အသစ်အတွက် နေ့နေ့ညညလုံးပမ်းနေကျတာဖြစ်တာမို့ မောင့်နောက်ကို သူ,မလိုက်မိတာဖြစ်လေသည်။ မောင်က သူ့ကိုခေါ်ပါသည်။ သူကသာ မလိုက်မိတာ။ နောက်ဆို မောင်တို့ Company မှာပဲ သူအလုပ် လုပ်ရမလို ဖြစ်လာလေသည်။