အချစ်ရဲ့ အစသည် အရက်မူးခြင်းက ဖြစ်သည်။
" Kim Taehyung...နစ်ခွက်လောက်နဲ့ ကျိုးမနေနဲ့... "
" ဟမ် .."
စာပွဲပေါ်မှာ မှောက်နေပြီးဖြစ်တဲ့ Kim Taehyung သည် ခေါင်းထောင်လာလေသည်။ သူငယ်ချင်းတွေနဲ့ နူတ်ဆက်ပွဲလာလုပ်တာဖြစ်လေသည်။ ကျောင်းပြီးတာနဲ့ အရင်ဆုံး စစ်မူထမ်းမှာမို့ သူငယ်ချင်းတွေခေါ်ကာ နူတ်ဆက်ပွဲကို ဘားမှာလာလုပ်နေတာဖြစ်လေသည်။ Kim Taehyung ရဲ့ Limit သည် တစ်ခွက်ခွဲဖြစ်လေသည်။ နစ်ခွက်လောက် ဖြစ်ပြီးဆိုတာနဲ့ လမ်းတောင်ကောင်ကောင်းမလျှောက်နိင်တော့ပါ ။
" Kim Taehyung...လာ ကမယ် ...ကောင်မလေးတွေ လန်းတယ် "
" ဟမ်...မကတော့ဘူး ... Tolite ... Tolite သွားချင်တယ် ...လိုက် ပို့ပေး "
Kim Taehyung သည် သူငယ်ချင်းများသည်။ တစ်အုပ်လုံးမှာ သူတစ်ယာက်ထဲ မသောက်နိင်တာဖြစ်သည်။ Sobin သည် လက်ခါပြရင်နဲ့ ...
" မပို့ဘူး ကိုယ့်ဟာကိုယ်သွား ...ဒီမှာ ကောင်းနေပြီး "
Sobinပြောတော့ Taehyung သည်ထိုင်ခုံကို အနောက်သို့ မှီချလိုက်သည်။ ဒီကောင်တွေ လာသောက်တော့ သူ့ပိုက်ဆံနဲ့ လာသောက်ပြီးတော့ Tolite လေး လိုက်ပို့ခိုင်းတာကျ လိုက်မပို့ပေးကြဘူး ။' ဟမ်...ကြည့်နေKim Taehyung ရဲ့ အဘိဓာန်မှာ သူများကူမှ ဖြစ်တယ်ဆိုတာ မရှိစေရဘူး '။
" ရတယ် ...ငါ့ဘာသာငါ သွား..မယ် "
ယိုင်တိုင်ယိုင်တိုင်နဲ့ Tolite ထဲကို Kim Taehyung တစ်ယောက်ရအောင်သွားလေသည်။ ယောင်္ကျားလေး Tolite ရဲ့ ဘေစင်ကို သွားကာ အရင်အန်ချလိုက်လေသည်။
" ဝေါ့...."
ဒီကိုမလာခင် စားထားတဲ့အစာတွေက စုံနေတာမို့ အန်လိုက်တော့လည်း အစုံကို ထွက်ချသွားလေသည်။
Jimin စိတ်ညစ်သွားသည်။ Tolite ထဲ၀င်ပြီးလို့ ဘေစင်မှာ လက်လာဆေးတော့ သူ့ဘေးက ဘေစင်မှာ တစ်ဝေါ့ဝေါ့နဲ့ အန်ချနေတဲ့လူကြောင့် စိတ်ညစ်သွားရတာဖြစ်သည်။ ဗိုက်က ပြည့်နေလို့ သောက်ဖို့ထပ်မ၀င်တော့တာကြောင့် ဝိတ်လာလျှော့တာဖြစ်၏။ ထိုလူသည် ဘေစင်မှာ အန်ချပြီးတော့ Tolite ထဲကို၀င်သွားလေသည်။ Jimin ထိုလူ့ကို အာရုံမထားတော့ပါ။ လန်းသွားအောင် မျက်နှာသစ်လိုက်သည်။ ပြီးတော့ ဖုန်းကို ထုတ်လိုက်သည်။ တစ်ခါထဲပဲ စက်ကိုပိတ်လိုက်လေသည်။ ဘားကို စရောက်ကတည်းက တစ်ဂွမ်ဂွမ်နဲ့ ဆက်နေတဲ့အမေ့ကြာင့် ဖုန်းစက်ပိတ်လိုက်ရတာဖြစ်လေသည်။