" ယောက်ဖ နေကောင်းလား ?"
JungKook တို့ကတော့ ရောက်ရောက်ချင်း Kim Taehyung ဒေါသထွက်အောက် စလိုက်လေသည်။ သူ့ကိုကြီးနဲ့ ယူထားတဲ့ လူသည် Jeon JungKook ဆိုတဲ့ ဒင်းဖြစ်လေသည်။ ကျောင်းတုန်းက ရည်းစားလုဖက်တော့ မဟုတ်ခဲ့ပေမယ့် စာနဲ့ပတ်သက်တာက တစ်ပိုင်း ၊ စာမဟုတ်တဲ့အခြားအရာတွေနဲ့က တစ်ပိုင်း ပေါင်းလိုက်တော့ အပိုင်းပိုင်းဖြစ်သွားတယ် ဆိုပါတော့ ....။ သူတို့နစ်ယောက် ရန်သူဖြစ်သွားရတဲ့အကြောင်းအရင်းမှာ Jeon JungKook သည် ကောင်မလေးတွေနဲ့ တွဲနေရင်းနဲ့မှ သူ့ကိုကြီးနဲ့ ရည်းစားဖြစ်သွားတဲ့ကိစ္စပဲ ။
" မင်းအမေယောက်ဖလား ငါ့ကို..."
Kim Taehyung က JungKook ကိုပြန်ပြောသည်။ သူတို့အိမ်မှာ ညစားအတူလာစားကျတာဖြစ်သည်။ သူ့ကိုကြီးကော့ JungKook ကော့ လာစားတာဖြစ်သည်။ ထမင်းစားခန်းထဲမှာ စထိုင်ကတည်းက Taehyung နဲ့ JungKook သည် မျက်လုံးချင်း စစ်ဖြစ်နေကြလေသည်။
" ဘယ်လိုဖြစ်နေတာလဲ ?"
သူနားမှာ ဟန်နီက၀င်ထိုင်ရင် သူ့ပေါင်ကိုပုတ်ရင်ပြောသည်။ ကိုကြီးကတော့ အကြောင်းသိမို့ ခေါင်းသာခါ၍ ကျန်တာဘာမှ ဆက်မပြောပေ။
" ယောက်ဖ လာခေါ်နေတယ်လေ "
" ခေါ်ပါစေပေါ့ ယောက်ဖပဲကို "
" ဒီကောင်ဆီက အခေါ်မခံနိင်ဘူး "
သူ့ကိုကြီးနဲ့ ဒင်းကို နည်းနည်းလေးမှ သဘောမတူခဲ့ပါ အခုထိ ။ ဘယ်ဘ၀ရဲ့ ရန်ငြိုးကြောင့်လည်း မသိပါ။ Taehyung သည် JungKook ကို လုံး၀ကြည့်မရပါ။
" ကလေးလည်း မဟုတ်ဘူး ဘာဖြစ်နေတာလဲ... မောင်နော် ..."
" ဟွန့် ..."
ထိုတော့မှ Taehyung အသံပြန်တိတ်သွားလေသည်။ Kim SeokJin က ပြုံးသည်။ သူ့ညီ၀မ်းကွဲလေးကို park jimin က ကောင်းကောင်းထိန်းနိင်တာကို မြင်ရ၍ ပြုံးခြင်းဖြစ်သည်။ သူ့ညီ၀မ်းကွဲ kim taehyung သည် park jimin နဲ့မတွေ့ခင်အချိန်ထိ ဆိုးတယ်လို့ ပြောရပေမည်။
" ကိုကြီးရဲ့ ညီက ဆိုးနေတုန်းပဲလား ..?"
Kim SeokJin ရဲ့ စကားကြောင့် kim taehyung သည် မျက်မှောင်ကြုတ်ကြည့်လေသည်။ လူကို လူဆိုးလို့ပဲ မြင်နေတာပဲ။ သူ့ညီ အဆိုးခံနေရတာ မသိသေးလို့ ။ တွေ့ပါလိမ့်မယ် နောက်ဆိုရင် kim taehyung ကြောက်ရတဲ့လူကို ကိုကြီးနေ့တိုင်း မြင်ရပါမယ်လို့ ...။