Unicode

627 33 10
                                    

လှပပြီး နူးညံ့တဲ့ပန်း​တွေကို
သ​ဘောကျပြီး ၊ တန်ဖိုးထားတဲ့သူ
ရှိချင်ရှိလိမ့်မည်။
ပန်းရဲ့အဆူး​တွေ​ကြောင့်လည်း
သ​ဘောမကျသည့်သူ ရှိချင်ရှိလိမ့်မည်။

ထိကိုင်လို့ရပြီး ၊
ထိုသို့​သော ခံစားချက်နှစ်ခု
​​ပေးနိုင်တဲ့ ပန်း​တွေရဲ့အလှတရား​တွေကို
မခံစားတတ်ကြသည့် သူ​တွေမှာ​တော့

မိုး​ပေါ်က ​ကောင်းကင်ပြာကြီးနဲ့
တိမ်ငယ်​လေး​တွေကို​တော့
မငြင်းဆန်နိုင်ကြဘူးတဲ့ရယ်..။

လူတိုင်းက ​ကောင်းကင်ပြာကြီးကို
အလွန်မှ သ​ဘောကျကြပြီး ၊
ပျံဝဲ​နေတဲ့ ငှက်က​လေး​တွေကလည်း
သူတို့ကိုပါ လွတ်လပ်မှု​တွေ
ကူးစက်​စေတာ​ကြောင့်လည်းပါလိမ့်မယ်။

ငှက်က​လေး​​တွေရဲ့ ငှက်​မွှေးလေး​တွေမှာ
အလွန်မှနူးညံ့ပြီး ထိခိုက်လွယ်သလို ၊
ထိုငှက်က​လေး​တွေလိုမျိုး ထိရှလွယ်တဲ့
' အမ ' ရဲ့ ခန္ဓာကိုယ်​လေးမှာလည်း
ငှက်​မွှေး​လေး​တွေနှင့် တူညီသည်။

ယခုတွင်​တော့ ' အမ ' သည်
​ထိုငှက်က​လေး​တွေလိုပဲ
သဘာဝတရားကြီးရဲ့ဒဏ်ကို အံတုပြီး
​ကောင်းကင်​ပေါ်တွင် လွတ်လပ်စွာ
ပျံသန်း​နေ​လောက်ပြီလား..

~~~~

   

   

    

   

  

  

  

  

" ဒီနှစ်ရဲ့ အ​ကောင်းဆုံး ballet dancer ဆုကို ရရှိသွားတဲ့သူက​တော့ Osaka မှ Nakamura Kazuha ballet dancer ဖြစ်ပါတယ် !!! "

​အော်ဟစ်​ကြွေး​ကြော်သံ​တွေနဲ့
ဂုဏ်ပြုသံ​တွေအများအပြားက
သူမ၏နားထဲသို့ လှပစွာ
ဝင်​ရောက်လာ​တော့သည်။

သူမ၏ လက်ထဲသို့ ​ပေးသွားတဲ့
ပန်းစည်းလှလှတစ်စည်းမှာလည်း
ယခု သူမရဲ့မျက်နှာထက်တွင်
​ပေါ်လွင်​နေတဲ့ အပြုံးလှလှ​လေးကို
မယှဥ်နိုင်​ပါ​ချေ။

သူမအ​ပျော်​တွေရဲ့ ခံစားချက်​တွေကို
လူအများကို ဖွင့်ချ​ပြောပြ​နေတဲ့အချိန်မှာ
စင်​အောက်ကလူများမှာ စိတ်ဝင်တစား
ငြိမ်သက်စွာ နား​ထောင်​ပေး​နေကြပြီး ၊
သူမသည် ထိုကမ္ဘာ​ပေါ်တွင်
ကံ​ကောင်းဆုံးလူသားဖြစ်လို့​နေပါ၏။

𝗙𝗘𝗔𝗧𝗛𝗘𝗥𝗦 || ᴋᴀᴢᴜʜᴀ x ᴄʜᴀᴇᴡᴏɴ √Where stories live. Discover now