[ 1 ]

2.7K 144 6
                                    

[ Unicode ]

‌ကားတစ်စီးဟာ မြို့ပြရဲ့လမ်းလေးအတိုင်း ငြိမ့်ငြိမ့်ငြောင်းငြောင်းမောင်းနှင်လာနေခဲ့သည်။ တစ်ဖြည်းဖြည်းချင်းမောင်းနှင်လာရင်းနဲ့ ဦးတည်ရာနေရာကိုရောက်သည့်အခါ ကားလေးက ရပ်သွားခဲ့တော့သည် ။

" ချွမ်ရွေ့. သား ထတော့လေ အိမ်အသစ်ကိုရောက်ပြီ "

မိခင်ဖြစ်ပုံရတဲ့ အမျိုးသမီးထံမှ ထိုသို့စကားသံထွက်လာပြီးတဲ့နောက်မှာတော့ ဆံပင်ရွှေအိုရောင်လေးဆိုးထားတဲ့ ၁၀ နှစ်အရွယ်ကလေးလေးတစ်ယောက်ဟာ အိပ်မှုံစုံဖွားရုပ်ကလေးဖြင့် စူပုတ်ကာပင် နိုးလာပြီး ကားထဲမှ ထွက်လာခဲ့သည် ။ အရွယ်နဲ့မလိုက်အောင် မျက်မှောင်ကြီးကိုကုတ်ထားတဲ့ကလေးလေးဟာ ချစ်ဖို့လည်းကောင်းသလို အကြောလည်းတင်းမည့်ပုံလေးပင် ။

ချွမ်‌ရွေ့လေးက သူရဲ့ဆံပင်တွေကိုလက်နဲ့ အနောက်ကိုသပ်တင်လိုက်ပြီး အိမ်အသစ်ဆိုတာကြီးကို ခေါင်းမော့ကာကြည့်လိုက်သည် ။

ချွမ်ရွေ့တို့မိသားစုက တရုတ်ကနေ ကိုရီးယားကို ပြောင်းရွေ့လာတာပဲဖြစ်သည် ။ လုပ်ငန်းချဲ့ထွင်ချင်တဲ့ ပါပါးကြောင့် ကိုရီးယားမှာအခြေချဖို့လာသည်လေ ။ ချွမ်ရွေ့က တရုတ်မှာ သူငယ်ချင်းတွေကို ချန်ခဲ့ရတာကြောင့် မပျော်မရွှင်ဖြစ်လို့နေသည် ။ သူဌေးသားလေးမို့ အပေါင်းအသင်းဂျေးများတဲ့ချွမ်‌ရွေ့လေးက သံယောဇဉ်တွယ်ပြီဆိုလျှင်လည်း ဖြတ်ရအလွန်ခက်သည်လေ ။

အဲ့ဒီအခိုက်အတန့်မှာပဲ ဘောလုံးလေးတစ်လုံးက ချွမ်ရွေ့ရဲ့ခြေထောက်နားကို လိမ့်လာခဲ့သည် ။ ချွမ်ရွေ့က ရှုပ်ရှုပ်ယှက်ယှက်ခြေထောက်နားရောက်လာတဲ့ ဘောလုံးကိုမျက်မှောင်ကြုံ့ပြီးကြည့်နေချိန်မှာပဲ ခြေသံတစ်စုံဟာ အနားကိုအပြေးရောက်လာပြီး ချွမ်ရွေ့ခြေထောက်နားကဘောလုံးကိုလာကောက်သည် ။

ချွမ်ရွေ့က ဘောလုံးလာကောက်တဲ့သူကို ခေါင်းမော့ကာကြည့်လိုက်သည် ။ အရပ်ရှည်ရှည်အသားဖြူဖြူနဲ့ဖြစ်ပြီး ချွမ်ရွေ့ထက်အနည်းငယ်အသက်ကြီးတဲ့သူဖြစ်ပုံရသည် ။ အတော်လေးတော့ချောတယ် ။ မဟုတ်ဘူး သေချာကြည့်မှ လှသလိုလိုပဲ ။

My youth is yours | Riwoong [ Complete ]Where stories live. Discover now