[ 12 ]

855 111 19
                                    

[ Unicode ]

နောက်တစ်နေ့မနက်မှာ ဂျီအွန်းက နိုးလာတာနဲ့ မနေ့ညကအကြောင်းကိုတွေးပြီး စိတ်မကောင်းဖြစ်နေသည် ။ ခုတလော ရစ်ခီက တစ်ချို့အရာတွေအထိမခံနိုင်ဖြစ်နေတာကိုသတိထားမိတယ် ။ တကယ်ပဲ အဲ့ကလေးစိတ်ထဲဘာတွေရှိနေလဲဆိုတာ သူမသိလိုက်တာ ။

ဂျီအွန်းက မနက်စာစားနေရင်းနဲ့လည်း အဲ့ဒီအကြောင်းကိုသာတွေးတောနေသည်မို့ ဘေးနားက ယူဂျင်းပြောသည့်စကားကိုပင် မကြားလိုက်တော့ပါ ။

"‌ ဟျောင်း ! ကျွန်တော်ပြောတာကြားလားလို့ "

" ဟမ်.. ဘာကိုလဲ ယူဂျင်း "

ယူဂျင်းကတော့ အစ်ကိုဖြစ်သူရဲ့ စိတ်လွင့်နေပုံကိုကြည့်ပြီးသက်ပြင်းချလိုက်မိသည် ။

" ရစ်ခီဟျောင်းကို ဘာလက်ဆောင်ပေးလိုက်လဲလို့ "

" အာ... "

ဂျီအွန်းမှာ တိတ်ဆိတ်သွားမိသည် ။ တကယ်ပဲ သူဘာမှမပေးရသေးဘူးပဲ ။ ဂျီအွန်းဟာမနေနိုင်တော့တဲ့အဆုံး ယူဂျင်းကိုတောင်ပြန်ဖြေဖို့သတိမရတော့ဘဲ မနက်စာဝိုင်းကနေထပြီး တစ်ဖက်အိမ်ကိုမပြေးရုံတမယ်ထွက်သွားပါတော့သည် ။ ယူဂျင်းလေးမှာတော့ အစ်ကိုဖြစ်သူကြောင့် မနက်စာဝိုင်းမှာကြောင်တောင်တောင်လေးကျန်ခဲ့ရပြန်ပါပြီ ။

ဂျီအွန်းမှာ ရစ်ခီ့အိမ်ကို အလျှင်စလိုရောက်လာခဲ့သည် ။ ရှန်မာမားက ရုတ်တရက်ရောက်လာတဲ့ ဂျီအွန်းကိုမြင်တော့ အံ့ဩတကြီးဖြင့်မေးလာသည် ။

" သားဂျီအွန်း အမောတကောနဲ့ပါလား ဘာဖြစ်လို့တုန်း "

" အပေါ်ထပ်မှာ ရစ်ခီရှိတယ်မလား အန်တီ "

" ရှိတယ် မင်းညီက နှိုးလို့တောင်မရဘူး အဲ့မှာတက်သွားရီ "

ဂျီအွန်းက ရှန်မားမားအားပြန်တောင်မပြောနိုင်တော့ဘဲ ခေါင်းငြိမ့်ကာပင် အပေါ်ထပ်ကိုတက်သွားလိုက်ပါတော့သည် ။ ရစ်ခီက အခန်းတံခါးကိုလော့မချထားတတ်တာကိုသိနေတဲ့ ဂျီအွန်းက တံခါးမခေါက်ဘဲနဲ့ အထဲကိုဝင်သွားလိုက်သည် ။

ဒါပေမယ့် ရှန်မားမားပြောသလို အိပ်ယာထဲမှာ ရစ်ခီက မရှိပါလေ ။ ဂျီအွန်းက အခန်းကိုလှည့်ကြည့်နေတုန်း တံခါးဖွင့်သံကြောင့် ရေချိုးခန်းဘက်ကိုလည့်ကြည့်လိုက်သည့်အခါ နေချင်သလိုနေတတ်သည့် ရစ်ခီရှန်နှင့် ပြဿနာစတတ်ပါတော့သည် ။ ရစ်ခီရှန်မှာ ဘယ်သူ့မှမရှိဘူးအထင်နဲ့ ရေချိုးပြီး ဒီတိုင်းထွက်လာတာကြောင့် ဂျီအွန်းမှာပါးစပ်ပင်မစိနိုင်တော့ဘဲ ရစ်ခီရှန်မှာလည်း ကိုကို့ အားမြင်လိုက်ရတာကြောင့် မျက်လုံးပြူးကာပင် နှစ်ယောက်သားပြိုင်တူအော်လိုက်ကြပါတော့သည် ။

My youth is yours | Riwoong [ Complete ]Where stories live. Discover now