[ 22 | Final ]

1.3K 107 32
                                    

[ Unicode ]

ရစ်ခီရှန်မှာ အခုဆို ကိုကို့ကို အလုပ်ပို့အလုပ်ကြိုတာဝန်ယူထားပြီဖြစ်ရာ အခုလည်း ကိုကို့ ကိုသွားကြိုပြီးပြန်လာတဲ့လမ်းမှာရောက်နေတာဖြစ်သည် ။ ဒီနေ့နောက်ကျတာမို့ ရစ်ခီရှန်က ကိုကိုဗိုက်ဆာနေမှာစိုးတာကြောင့် မြန်မြန်ရောက်အောင် အရှိန်ကိုမသိမသာလေးမြှင့်သည် ။ သိသိသာသာမြှင့်လိုက်လို့ သိသွားရင် အဖိုးအိုပေါက်စလေးက သူ့ကို ဆူဦးမှာလေ ။ ဖြေးဖြေးမောင်းတာမှ အန္တရာယ်ကင်းတာဘာညာပေါ့ ။ ပြောလို့ဆုံးမှာမဟုတ်ပါလေ ။

" ကိုကို.. "

" ဟင် "

" ဒီည ကိုကိုနဲ့လာအိပ်မယ်နော် "

" လာအိပ်ဦးမလို့လား "

အလိုမကျစွာထွက်လာတဲ့အသံလေးကြောင့် ရစ်ခီရှန်က မျက်နှာကိုချက်ချင်းငယ်ပစ်လိုက်တော့သည် ။

" ဘာလို့လဲ ကိုကိုက ကျွန်တော်လာအိပ်တာကို ငြီးငွေ့နေပြီလား ဘာမှလည်းမလုပ်တာကို "

" မဟုတ်ပါဘူး ကလေးလည်းမဟုတ်ဘဲနဲ့ကို အမြဲလာအိပ်နေလို့လေ တစ်ယောက်တည်းအိပ်တာပိုမလွတ်လပ်ဘူးလား "

" ကျွန်တော်က လွတ်လပ်တာထက် ကိုကို့ကို ဖက်အိပ်ရတာကိုပိုကြိုက်တယ်လေ "

" ...... "

" နော် ကိုကို .. နော် နော် "

ဂျီအွန်းလည်း အတင်းပူဆာနေသည့်ကောင်‌လေးနဲ့ ပြိုင်မငြင်းချင်တော့တာကြောင့် လက်ခံပေးလိုက်ပါတော့သည် ။

" ဟုတ်ပါပြီ ၊ ကြည့်လုပ်ဦး ကိုယ့်အိပ်ယာကိုယ်လည်းမမှတ်မိဘဲနေဦးမယ် "

ကိုကိုက သူ့ကိုမနိုင်တော့တာလည်းသိရော ခပ်ရွဲ့ရွဲ့ကလေးပြောကာ တစ်ဖက်ကိုလှည့်သွားသည်မို့ ရစ်ခီလည်းဘာမှပြန်မပြောတော့ဘဲ ကြိတ်ရယ်နေလိုက်ပါတော့သည် ။ ရစ်ခီ့ကိုကိုကတကယ်ချစ်စရာလေးပါဆို ။

............။..............

" ကိုကို ရေချိုးတာမပြီးသေးဘူးလား ကြာနေပြီနော် "

ညစာစားပြီးထဲက ရေချိုးမို့ဆိုပြီးဝင်သွားတဲ့ ကိုကိုက ထုံးစံအတိုင်းရေကိုစိမ်ချိုးနေတာပဲဖြစ်ရမယ် ။ အတော်‌လေးကြာနေပြီဖြစ်သည် ။ ချိုးနေကြဆိုပေမယ့်လည်း ညကြီးမင်းကြီးမို့ဖျားမှာစိုးတာကြောင့် ရစ်ခီရှန်က ကိုကို့ ကိုအပြင်ကနေ နားပူနားဆာတိုက်လို့နေသည် ။

My youth is yours | Riwoong [ Complete ]Where stories live. Discover now