[ 16 ]

908 102 13
                                    

[ Unicode ]


ကားထဲမှာ လေထုက ငြိမ်သက်နေသည် ။ ရစ်ခီရှန်မှာ အမှားလုပ်ထားတဲ့ကလေးလိုမျိုး ကား‌မောင်းနေရင်း ဘေးနားက ကိုကို့ကို တစ်ချက်တစ်ချက်ခိုးခိုးကြည့်နေသည် ။

အခုသူတို့ဦးတည်နေတာက အိမ်ကိုမဟုတ်ဘဲ ငယ်ရွယ်ချိန်တုန်းက နှစ်ယောက်သားအမြဲသွားနေကြ ကစားကွင်းလေးဆီကိုဖြစ်သည် ။

ဦးတည်ရာနေရာကိုရောက်တော့ ရစ်ခီက ကားကိုရပ်လိုက်တာနဲ့ ကိုကိုက အရင်ဆုံးဆင်းသွားတာမို့ ရစ်ခီလည်း ခပ်မြန်မြန်ပဲလိုက်ဆင်းလိုက်သည် ။

ကိုကိုက ကစားကွင်းထဲက ခုံတန်းလေးတစ်ခုမှာ သွားထိုင်သည်မို့ ရစ်ခီရှန်လည်းအနောက်ကနေလိုက်သွားပြီး ခေါင်လေးငုံ့ကာဖြင့် ကိုကို့ဘေးနားမှာ မသိမသာလေးဝင်ထိုင်လိုက်သည် ။ လေကတစ်ဖြူးဖြူးတိုက်နေပြီး ကစားကွင်းလေးထဲ လူလည်းရှင်းနေသည် ။ မီးရောင်တွေတော့ရှိပေမယ့် ပတ်ဝန်းကျင်ကတိတ်ဆိတ်လွန်းတယ် ။ ထို့အတူ ဘေးနားမှာရှိတဲ့ကိုကို့ဆီက သက်ပြင်းချသံတွေလည်းအကြိမ်ကြိမ်ကြားရတယ် ။

ရစ်ခီရှန်က မနေနိုင်တော့တဲ့ အဆုံး ကိုကို့ဘက်ကိုရဲရဲတင်းတင်းလှည့်ကြည့်လိုက်တော့သည် ။

" ကိုကို... ကျွန်တော်ပြောစရာရှိတယ် "

ထိုအခါ ကိုကိုက သူ့ဘက်ကိုတစ်ချက်လှည့်ကြည့်လာပြီး ဘာစကားမှမဆိုဘဲ တစ်ဖက်ကို ပြန်လှည့်လို့သွားသည်။ ရစ်ခီရှန်လည်း သူ့အမှားသူသတိရသွားတာကြောင့် ခေါင်းလေးကိုငုံ့ကာပင်ဆိုလိုက်တော့သည် ။

" အရင်ဆုံး.. အစောကကိစ္စအတွက် ကျွန်တော် ကိုကို့ ကိုတကယ်တောင်းပန်ပါတယ် ၊ ကျွန်တော်တကယ်မရည်ရွယ်ပါဘူး ၊ ကိုကို ကျွန်တော့်အနားကနေထွက်သွားမှာကြောက်တာနဲ့...."

" သိတယ်... ငါသိတယ် "

လေးလေးပင်ပင်နဲ့ဖြတ်ပြောလာသည့်စကားပင်ဖြစ်တယ် ။ ရစ်ခီရှန်မှာ ထိုတော့မှ ကိုကို့အားပြန်ကြည့်လိုက်သည် ။ လေးအေးကြောင့်ပဲလား တစ်စုံတစ်ရာကြောင့်ပဲလားမသိပေမယ့် ကိုကိုခန္တာကိုယ်‌လေးက ခပ်ကြုံ့ကြုံ့လေးဖြစ်လို့နေသည် ။

My youth is yours | Riwoong [ Complete ]Where stories live. Discover now