"ကြည့်လို့ဝပြီလား ကိုယ့်အချစ်"
"ဘာ ခင်ဗျား ရူးနေလား။ ကူညီပေးထားလို့ သည်းခံနေတာ ရိသဲ့သဲ့လာမလုပ်နဲ့။"
"ဟောဗျာ၊ ကိုယ်ကဘာပြောလို့လဲ၊ မင်းလေးကို ကူညီပေးထားတာနော်"
"ခင်ဗျားကို ဘယ်သူက ကူညီပေးပါပြောလို့လဲ"
"ဟက် မင်းကအစွာလေးပဲ" မတ်သရူး ရှေ့ကမျက်နှာရူးကိုကြည့်ပြီးခေါင်းသာခါမိသည်။
"ခင်ဗျားလိုက်မလာနဲ့တော့" ပြောပြီး မတ်သရူးထွက်လာခဲ့သည်။
မလိုက်လာနဲ့ပြောတာကို သူနောက့်ကနေ တိတ်လေးလိုက်လာတဲ့လူကြောင့် သက်ပျင်းချမိသည်။ ပြောလဲမထူးမှာမို့ လွှတ်ထားလိုက်ပြီး ကိုယ့်လမ်းကိုသာ လျှောက်လာလိုက်သည်။
မတ်သရူး နန်းတော်ရှေ့အရောက် သူ့ရှေ့မှာ ပိတ်တားလိုက်တဲ့ အစောင့် ၂ယောက်ကြောင့် အကြပ်ရိုက်သွားရသည်။ ကိုယ်က ကြင်ယာတော်ပါလို့ ပြောလဲ သူတို့ယုံမှာ မဟုတ်သလို ယုံရင်လဲ ကြင်ယာတော်က ညကြီး နန်းတော်အပြင် လျှောက်သွားနေတာဆိုတာက မဟုတ်သေးဘူးလေ။ ပိုဆိုးတာက ကိုယ်က တိုင်းတစ်ပါးက လာတဲ့ ကြင်ယာတော်ဖြစ်နေတာကော ဟိုလူက ခုထိ နောက်ကနေ ကပ်ပါလာတာကြောင့် အတင်းအကျပ် ကြင်ယာတော် တံဆိပ်ထုတ်ပြလို့ မဖြစ်သေးပါဘူး။
ထိုစဉ်
"ဘာဖြစ်ပြန်ပြီလဲ ကိုယ့်အချစ်"
မတ်သရူးလဲ မထူးတော့ပြီမို့
"ကူညီလက်စနဲ့ ကျွန်တော့်ကို ဒီတစ်ည တည်းခိုစရာ နေရာတစ်ခုကို လိုက်ပို့ပေးပါ။ အဖိုးအခကို ကျွန်တော် မနက်ဖြန် သေချာပေါက်လာပေးပါ့မယ်။"
"ကောင်းပါပြီ ကိုယ့်အချစ်" ပါးစပ်အရသာခံပြောနေတဲ့ ထိုလူကို မတ်သရူး ဘာမှမပြောဘဲ လွှတ်ထားလိုက်တော့သည်။
************************
"အယ် သခင်လေး ပြန်လာပြီ။ နောက်ကျနေပြီမို့ သခင်ကြီးတို့ကတော့ အိပ်သွားပြီဗျ"
"ရတယ် ရတယ်။ ဧည့်သည်ပါလာတာမို့ အခန်းအမြန်ပြင်ပြီး ထမင်း ၂ယောက်စာပြင်ထားပေး"
YOU ARE READING
War of Love [Ongoing]
Fanfictionနန်းတွင်းအရှုပ်တော်ပုံဆိုတာ အာဏာလုတာ၊ ထီးနန်းလုတာမျိုးပဲမဟုတ်ဘဲ "အချစ်"ဆိုတဲ့အရာကြောင့်လည်း ဖြစ်နိုင်တယ်ဆိုတာ သက်သေပြသွားမယ့် ရာဇဝင်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်.....