"ကိုကို"ယူဂျင်း ခေါ်သံကြောင့် အတွေးစဖြတ်ပြီး လှည့်ကြည့်လိုက်တော့
"___"
လရောင်ဖြာကျနေတဲ့ ဟာနူးပွဲတော်နေ့ နန်းတွင်းရေကန်ရှေ့တွင် ဝတ်ရုံမိုးပြာရောင်နဲ့ အစိမ်းနုရောင်လေး နှစ်ခုဟာ ထိစပ်နေပြီး တိုက်ခတ်လာတဲ့ လေညှင်းလေးကြောင့် ဝတ်ရုံမိုးပြာရောင်လေးဆီကထွက်လာတဲ့ ခြူသံလေးဟာလဲ တစ်သိမ့်သိမ့်
ဂယူဘင်းသတိဝင်လာလာချင်း ယူဂျင်းကို တွန်းထုတ်လိုက်မိတော့ ယူဂျင်းက အံ့ဩသလိုလေး ကြည့်လာသည်။
"မင်း ဒါဘာလုပ်တာလဲ ယူဂျင်း"
"နမ်းလိုက်တာလေ"
"မင်းကို ဘာလို့ နမ်းတာလဲလို့ မေးနေတာ"
"ဒါလေးကို ဘာလို့ ဒေါသထွက်နေတာလဲကိုကို၊ ဒါက မထူးဆန်းဘူးမလား"
ယူဂျင်းက သူနဲ့ကိုကိုကြားမှာ အရင်ကလဲ ကိုကိုကသူ့ပါးလေးတွေကို နမ်းဖူးတာမို့ အခု နှုတ်ခမ်းချင်းနမ်းတာကလဲ ထူးဆန်းမနေဘူးလို့တွေးသည်။ အဓိကက သူနဲ့ ကိုကိုဖြစ်နေဖို့ပဲလေ။
ဒါကို အဓိပ္ပာယ်ကောက် လွဲသွားတဲ့ ဂယူဘင်းကတော့
"ဘာ မင်းအတွက် မတူးဆန်းဘူးဟုတ်လား။ မင်းရဲ့ အပေါစားဆန်တဲ့ နှုတ်ခမ်းတွေနဲ့ ငါ့ကိုလာမနမ်းနဲ့"
"ဘယ်လို အပေါစားဆန်တယ် ဟုတ်လား။ ကျွန်တော့ရဲ့ အချစ်တွေက ခင်ဗျားအတွက်အပေါစားဆန်ခဲ့တယ်လို့ ခင်ဗျားမို့ ပြောရက်တယ်။ ဒါဆို ဘာလို့ ကျွန်တော့ကို မျှော်လင့်ချက်တွေ ကတိတွေပေးခဲ့သေးလဲ"
ယူဂျင်းအသံက ကျယ်လာတာမို့ ဂယူဘင်း ဘေးပတ်ဝန်းကျင်ကို ကြည့်မိတော့ ဘယ်သူမှမရှိ တော်သေးတယ်။ ညဘက်မို့ ဒီနားဘယ်သူမှ မရှိလို့
"မင်းပြောသလို မျှော်လင့်ချက်တွေပေးခဲ့မိတယ်ဆို ကိုယ်မရည်ရွယ်ဘဲ ဖြစ်သွားခဲ့တာ။ တောင်းပန်ပါတယ်။ ပြီးတော့ ကတိဆိုတာတော့ ကိုယ်တကယ် မသိတာပါ။ ငယ်ငယ်က အပျော်သဘောပေးခဲ့တဲ့ ကတိတစ်ခုဖြစ်မယ်ထင်တယ်။ ကိုယ်ကိုယ်တိုင်တောင် မသိတဲ့ အဲ့ကတိကို မတည်နိုင်တာမလို့ မင်းလဲ မေ့ပေးရင်ကောင်းမယ်"
YOU ARE READING
War of Love [Ongoing]
Fanfictionနန်းတွင်းအရှုပ်တော်ပုံဆိုတာ အာဏာလုတာ၊ ထီးနန်းလုတာမျိုးပဲမဟုတ်ဘဲ "အချစ်"ဆိုတဲ့အရာကြောင့်လည်း ဖြစ်နိုင်တယ်ဆိုတာ သက်သေပြသွားမယ့် ရာဇဝင်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်.....