"သခင်လေး ယူဂျင်းအခစားဝင်ပါတယ်။"
"ဝင်ခဲ့လေ"
"စာအုပ်ဖတ်နေတာလား အိမ်ရှေ့စံ"
"မဟုတ်ဘူး။ မနက်က ညီလာခံမှာ တင်ထားတဲ့ တိုင်စာတွေ ဖတ်ကြည့်နေတာ"
"အော် မအားဘူးလား"
ပုံမှန်ဆို လိုချင်တာကို မရရအောင် ပူဆာတတ်တဲ့ ယူဂျင်းက အခု သူအားလားမအားလား အရင်မေးတာကြောင့် ဂယူဘင်းနဲနဲတော့ ထူးဆန်းနေမိသည်။ ယူဂျင်းရဲ့ ဒီလိုပုံစံနဲ့ အသားမကျတာလဲပါမည်။
"အလုပ်အရမ်းရှုပ်တာတော့ မဟုတ်ပါဘူး။ ယူဂျင်း တစ်ခုခုပြောချင်တာရှိလို့လား။" ဖတ်လက်စ စာရွက်တွေကို ခဏ ချပြီး ယူဂျင်းမျက်နှာလေးကို ကြည့်ကာမေးလိုက်တော့ ခုဏကနဲ့ မတူစွာ မျက်နှာလေးက ပြုံးလားပြီး
"ကျွန်တော် မြို့တော်ထဲပတ်ချင်လို့"
"အာ ယူဂျင်းကလဲ ကိုယ် ညဘက်ကြီး နန်းပြင်ထွက်ဖို့ အဆင်မပြေဘူး။ မနက်ဖြန်လဲ ဟာနူးပွဲတော်အတွက် ညီလာခံ ရှိသေးတယ်။ ပြီးတော့ ခုက ပွဲတော်ရက်တွေဆိုတော့ လူအရမ်းများမှာ ယူဂျင်းရဲ့ ။ တကယ်လို့ ယူဂျင်းသွားချင်တယ်ဆို နောက်ပွဲတော်ပြီးမှ ကိုယ်အေးဆေး လိုက်ပို့မယ်လေ။"
"ပွဲတော်ရက်မို့လို့လဲ သွားချင်တာပေါ့။ နောက်ရက်တွေဆို ကိုကိုက မအားတော့မှာသိနေတယ်လေ။ ပြီးတော့ ပွဲတော်ရက်လေးကို ကိုကိုနဲ့အတူကုန်ဆုံးချင်တာ ကိုကိုရဲ့"
ကိုကိုရဲ့ဆိုတဲ့ အသံလေးအပြင် ပွဲတော်ကို ကိုယ်နဲ့အတူ သွားချင်တာပါဆိုတဲ့ ကလေးကြောင့် ဂယူဘင်းက ဘယ်စိတ်နဲ့ ငြင်းရမှာပါလဲ။
"အဲ့တာဆိုလဲ သွားကြတာပေါ့။ ဒါပေမယ့် ပွဲဈေးတန်းထဲရောက်ရင်တော့ ကိုကို့စကားနားထောင်ရမယ်နော်"
"ကျွန်တော်က ဘယ်တုန်းက ကိုကို့စကားနားမထောင်လို့လဲ နော်"
နော်ဆိုတဲ့နေရာမှာ နှုတ်ခမ်းလေးက ပိစိလေးစူထွက်လာတဲ့ ယူဂျင်းကို အသဲတွေယားလာသည်။ အားးး ဘယ်လိုလေးလဲကွာ။
"ဟုတ်ပါပြီ။ အဲ့တာဆို ခဏစောင့်ဦး။ ကိုယ်အထိန်းတော်ကိုမှာစရာတာမှာပြီး အဝတ်လဲဦမယ်"
YOU ARE READING
War of Love [Ongoing]
Fanfictionနန်းတွင်းအရှုပ်တော်ပုံဆိုတာ အာဏာလုတာ၊ ထီးနန်းလုတာမျိုးပဲမဟုတ်ဘဲ "အချစ်"ဆိုတဲ့အရာကြောင့်လည်း ဖြစ်နိုင်တယ်ဆိုတာ သက်သေပြသွားမယ့် ရာဇဝင်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်.....