ဟာနူးပွဲတော်မတိုင်ခင်နေ့...
"ကြင်ယာတော်ဝူဟျွန်းကို လိုက်စောင့်ရှောက်ပေးပါ အိမ်ရှေ့စံ"
"ဟုတ်ကဲ့ပါ၊ ကျွန်တော်စောင့်ရှောက်ပေးပါ့မယ်"
"အေး၊ ဒါပေမယ့် မင်းသူ့နောက်က လိုက်စောင့်ရှောက်တာကို လူမသိစေနဲ့"
ဂယူဘင်းနားမလည်နိုင်သလိုကြည့်လိုက်တော့
"ငါ့ကအလေးပေးတယ်၊ ငါကဂရုစိုက်တယ်ဆို စောင့်ကြည့်နေတဲ့သူတွေက ကြင်ယာတော်ကို ငါ့အားနာချက်အနေနဲ့အသုံးချကြမှာမို့ သူ့အတွက်အန္တရာယ်ရှိလာလိမ့်မယ်"
ဒါဆို ကြင်ယာတော်ကြီးအတွက်ကကောလို့ ဂယူဘင်းမေးချင်ပေမယ့်မမေးဖြစ်ပါ၊ တစ်ချိန်က ဟာအိုဆိုတဲ့ နာမည်လေးကြားရုံနဲ့ကို ရင်တွေအဆမတန်ခုန်ရပါတယ်ဆိုတဲ့ သူ့အကို၊ အားလုံးနဲ့ဆန့်ကျင်ပြီးကို ကြင်ယာတော်ကြီးလက်ကိုရဲရတွဲလို့ နန်းတက်ခဲ့တဲ့သူက အခုကျ ကြင်ယာတော်ကြီးထက် ကြင်ယာတော်ဝူဟျွန်းကို စိတ်ပူနေတာက နည်းနည်းတော့ ခံရခက်ပါသည်၊ ကြင်ယာတော်ကြီးဆိုတာက ယူဂျင်းရဲ့ အကိုလဲဖြစ်သလို၊ ငယ်ငယ်ကတည်းက သူတို့နဲ့အတူ ဆော့ကစားပြီးကြီးပျင်းလာတဲ့သူမလား
သူ့အတွေးတွေကိုသိနေသည့်အလား မင်းကြီးကပြောလာပါသည်
"ကြင်ယာတော်ကြီးကိုလဲ ငါစိတ်ပူပေမယ့် သူ့မှာက အမတ်ကြီးရဲ့နောက်ခံကြောင့် ကာကွယ်ပေးမယ့်သူတွေရှိတယ်လေ၊ ကြက်ယာတော်ဝူဟျွန်းကျ သူစိမ်းမြေမှာ တစ်ယောက်တည်း နောက်ခံလဲမရှိလို့အပိုစိတ်ပူမိရုံပါ၊ ငါ့ရဲ့ကြင်ယာတော် ၂ပါးလုံးကို အထိခိုက်မရှိဘဲ ပွဲတော်ကိုဆင်နွှဲချင်တာ စိတ်ရင်းပါ"
_________________________
"မင်းကြီး၊ မင်းကြီး ကြင်ယာတော်ဝူဟျွန်းနောက်ကို လုပ်ကြံသူတွေလိုက်လာလို့ပါ"
ဂွန်းနုစကားအဆုံး ဂျီဝန်းထိတ်လန့်သွားရသည်၊
ချက်ချင်းပဲ မြင်းကိုဒုန်းဆိုင်းစီးလို့ တောထဲပြေးဝင်မိသည်။ ဘယ်နေရာမှာလဲမသိပေမယ့် တောနက်ကြီးထဲ ထိုကောင်ငယ်လေးကို အပြေးရှာမိသည်။ တိုက်ခိုက်စွမ်းရည် ကျွမ်းကျင်တဲ့ အိမ်ရှေ့စံတစ်ပါးဖြစ်ခဲ့တာသိပေမယ့်လည်း စိတ်ပူမိတာပါပဲ၊ ဈေးထဲမှာ စတွေ့တဲ့ညကတည်းက သဘောကျခဲ့မိတဲ့ ဒီကောင်လေးကို မပိုင်ဆိုင်ရရင်တောင် ခလုတ်မထိဆူးမငြိစေချင်တာပါ~~
YOU ARE READING
War of Love [Ongoing]
Fanfictionနန်းတွင်းအရှုပ်တော်ပုံဆိုတာ အာဏာလုတာ၊ ထီးနန်းလုတာမျိုးပဲမဟုတ်ဘဲ "အချစ်"ဆိုတဲ့အရာကြောင့်လည်း ဖြစ်နိုင်တယ်ဆိုတာ သက်သေပြသွားမယ့် ရာဇဝင်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်.....