Ch1

984 55 1
                                    

" ₩ 1000 ကျပါတယ်ခင်မျ "

လက်ထဲထိုးပေးလာတဲ့ ₩ 1500 တန်ပိုက်ဆံကိုကြည့်ပြီး ဂယူဘင်းကသက်ပြင်းချသည် ။ မျက်စိရှေ့ကဆံပင်အ၀ါနှင့်လူအား သူထပ်တွေ့ပြန်ပြီ ။ ထပ်တွေ့သည်မဟုတ်ပဲ နေ့တိုင်းတွေ့နေရသည်ဆို ပိုမှန်လိမ့်မည် ။

" ဧည့်သည်ဗျ။ ₩1000 ထဲဗျ။ "

ဂယူဘင်းအရှေ့ကဆံပင်အ၀ါနှင့်လူအား ₩ 500 ပြန်အမ်းပေးတော့ ထိုလူက ဂယူဘင်းကို ခေါင်းခါပြလာတယ်။

" မင်းယူလိုက်။ "

ထိုဆံပင်အ၀ါရောင်နဲ့လူရဲ့စကားကြောင့် ဂယူဘင်းကနှစ်စက္ကန့်လောက်ကြောင်တောင်တောင်ဖြစ်သွားသေးသည် ။ ထိုလူက ဘယ်ချိန်ထိ ပြန်အမ်းငွေမယူပဲနေအုံးမှာလဲ?..။

ဂယူဘင်းကအတိတ်အဖြစ်အပျက်တွေအကုန်မေ့ပြစ်ကာ စတိုးဆိုင်မှာအလုပ်၀င်ပြီး တစ်လကြာတော့ အ၀ါရောင်ဆံပင်နှင့်လူက ဂယူဘင်းဘ၀ထဲ တိုး၀င်လာခဲ့သည် ။ ဂာယူဘင်းဆန္ဒမပါပဲပေါ့.. အ၀ါရောင်ဆံပင်နှင့်ထိုလူက အမြဲ strawberry milkဗူးလေးသာ၀ယ်လေးရှိပြီး တစ်နေ့မှအပြတ် ဆိုင်ကို ရောက်ရောက်လာသည် ။ တိုက်တိုက်ဆိုင်ဆိုင် ဂယူဘင်း အလုပ်ချိန်မှသာ ထိုလူကပေါ်လာတတ်သည် ။ တိုက်ဆိုင်တာလား တမင်တကာလားဆိုသည့်ကိုတော့ ထိုလူသာသိ့လိမ့်မည် ။

strawberry milk၏တန်ဖိုးက₩ 1000 ဖြစ်သော်လည်း ထူးဆန်းစွာ ထိုလူက အမြဲ ₩ 1500 သာပေးသည် ။ ပြန်အမ်းငွေလဲ ဘယ်တော့မှမယူ ။ ဂယူဘင်းမှာ အခေါက်တိုင်းမမေ့မပြတ်ပြန်ပေးသော်လည်း ထိုလူက အခေါက်တိုင်း ယူဖို့ ငြင်းဆိုသည် ။ နောက်ပြီး ထိုလူကရိသဲ့သဲ့စကားတွေလည်းပြောတတ်သေးသည် ။ ထိုလူ၏ရိသဲ့သဲ့စကားတွေကိုဂယူဘင်းကမုန်းမိပါသည် ။ ထိုစကားတွေဟာ ဖျောက်ပြစ်ချင်သည့် သူ့အတိတ်အား မီးမှောင်းထိုးပြနေသည်မလို့ ။အချိန်တွေကြာလာတော့ ထိုလူ၏ ₩ 1500 အဓိပ္ပာယ်ကို ဂယူဘင်းခန့်မှန်းမိလာသည် ။ ဂယူဘင်းက တုံးအ သည့် လူမဟုတ်သည့်အတွက် ထိုလူဘယ်ခြေလှမ်းလှမ်းချင်နေမှန်း ကျိန်းသေပေါက်ရိပ်မိပါသည် ။

ပြီးတော့ အဲ့ဒီလူက strawberry milkလေးတစ်ဗူးကို ဂယူဘင်းအလုပ်ချိန်မပြီးမချင်း ခုံတန်း၌ထိုင်ကာ နို့ဗူးလေးတစ်ဗူးကို စိမ်ပြေနပြေ သောက်သည် ။ ဂယူဘင်း အစတွင်တော့ ရူးကြောင်ကြောင် တွေးမိသေးသည် ။ အဲ့ဒီလူက လူသတ်သမားလားဘာလားပေါ့ ။ နောက်ပိုင်း၌ ထိုလူ၏စကားတွေကြောင့် လူသတ်သမားမဟုတ်ပဲ ဒီတိုင်းနှာဗူးမှန်းသူသိလာရသည် ။

I Told The Stars About You★// BinvinshenWhere stories live. Discover now