ဟန်ဘင်းဆောက်လုပ်ရေးခွင်ထဲမှာမနက်ထဲက နားရတယ်မရှိအောင်အလုပ်ရှုပ်နေရတယ် ။ အချိန်နေ့လယ်၃နာရီစွန်းစွန်းဖြစ်နေပေမယ့် ဟန်ဘင်းအတွက် နေ့လယ်စာကတော့ဘယ်ဂျောင်ကပ်လို့ကပ်မှန်းမသိ ။ အလုပ်သမားတွေနှင့်လွဲထားဖို့ကျ အရေးကြီးတဲ့ ဆောက်လုပ်ရေးမလို့ ဟန်ဘင်းက စိတ်မချဘူး ။ ပြီးတော့ ဖေဖေကိုယ်တိုင်ကလည်း ဟန်ဘင်းကို ယုံကြည်ထားတာမလို့ ဟန်ဘင်းက မျက်နှာမပျက်ချင်ဘူးလေ ။ အဲ့တာကြောင့် ကိုယ်တိုင်၀င်လုပ်ရင်း ဟန်ဘင်းမှာ ယားလို့တောင်ကုပ်ချိန်မရှိဘူး ။" မြို့သားကြီးရေ! မြို့သားကြီးရေ! "
ဒီအသံဆာဆာလေးက လှည့်ကြည့်စရာမလိုလည်း ဘယ်သူလဲဆိုတာ ခန့်မှန်းမိတယ် ။ ဆောက်လုပ်ရေးခွင်ကို သူ့အဖေအိမ်အတိုင်းဦးထုပ်မဆောင်းပဲ ပြေး၀င်လာတဲ့ ကောင်လေးက လက်ထဲမှာ ထမင်းချိုင့်ကို ကိုင်လို့ထားတယ် ။
" ဟေ! ဦးထုပ်လေးဘာလေးဆောင်းပါအုံးလား အုတ်တွေခေါင်းပေါ်ပြုတ်ကျလို့ ခင်ဗျားလေး ခေါင်းကွဲရင် ကျွန်တော်မျိုး ထာ၀န်ကြီးနေအုံးမယ် "
" ကျွန်တော်ခနပဲလာတာ မေမေကမြို့သားကြီးကို ထမင်းချိုင့်ပို့ခိုင်းလိုက်လို့ ရော့ "
လက်ထဲပါလာတဲ့ ၃ဆင့်ချိုင့်လေးကို ကမ်းပေးလာတယ် ။ ဂယူဘင်း ပေးတဲ့ချိုင့်အား ဟန်ဘင်းပြုံးပြကာ လက်ခံလိုက်တယ် ။
" အဒေါ်ကိုကျေးဇူးပဲလို့ပြောပေးအုံး "
" အင်းပါ ကျွန်တော်ပြောလိုက်မယ် "
" လာလာ အပြင်ထွက်ရအောင် ဒီနေရာကအန္တာရယ် များတယ် "
ဦးထုပ်မပါတဲ့ဂယူဘင်းကြောင့် ဟန်ဘင်း ကောင်လေးရဲ့လက်ကိုဆွဲပြီး အပြင်ကိုခေါ်ထုတ်တော့ ရက်ကန်ရက်ကန်နဲ့ပါလာရှာတယ် ။ ဆက်ပြီးလေကြောရှည်နေရင် ထိခိုက်ဒဏ်ရာရသွားနိုင်သည်မလို့လေ ။ ရွာသူကြီးသားဆိုတော့ ဟန်ဘင်းမှာ စောင့်ရှောက်ရမယ့် တာ၀န်ကအပြည့် ။
ရွာသူကြီးကတော်က ဟန်ဘင်းကို ဂရုစိုက်လွန်းသည်မလို့ ရွာမှာနေရတာ ဟန်ဘင်းအတွက်သက်တောင့်သက်သာတော့ရှိတယ် ။ တစ်ဆက်ထဲလည်း နေလယ်စာမစားရသေးသည်မလို့ ကောင်လေးက အခုအတွက်တော့ ကယ်တင်ရှင်လေး ။
YOU ARE READING
I Told The Stars About You★// Binvinshen
Fanfictionရစ်ခီသည်ဂယူဘင်းကိုသိပ်ချစ်သလို... ဂယူဘင်းသည်လည်းကိုကို့ကိုသိပ်ချစ်ပါသည်တဲ့...။ ဒီလိုဖြင့်ပဲရစ်ခီဟာ ရယူခြင်းမဟုတ်သည့်ပေးဆပ်ခြင်း၌သာနေသားကျခဲ့ရ၏...။