ဂယူဘင်းရွာကိုပြန်ရောက်နေသည်မှာလအနည်းငယ်တောင်ရှိနှင့်နေပြီ...။ရွာမှာသူလုပ်စရာအလုပ်ဆိုလို့ ရေရေရာရာမရှိသည်မလို့ ဂယူဘင်းကတော့ ၂၄နာရီတစ်ရက်လုံးငုတ်တုတ်သာထိုင်နေရသည်..။စားလိုက်အိပ်လိုက်ဂိမ်းဆော့လိုက်ဖြင့်ဂယူဘင်းဘ၀ကတော့သာသာယာယာပါပဲ..။
ရွာလူကြီးလဲဖြစ်ရွာရဲ့သူဌေးလဲဖြစ်သည့် ဂယူဘင်းဖေဖေက ရွာထဲတွင် ပိုင်ဆိုင်သည့် လယ်တွေယာတွေ ဥယျာဉ်ခြံတွေကမနည်းမနော်...။ဂယူဘင်းက မိဘတွေအလုပ်ကိုကူလုပ်ပေးချင်သော်လည်း...မေမေတို့ကတော့ ဂယူဘင်းကို အလုပ်လုပ်ခွင့်မပေး...နားနားနေနေသာနေစေချင်သည်တဲ့...။
အဲ့ဒီကြောင့်ဂယူဘင်း၏တစ်နေ့တစ်နေ့အလုပ်ဆိုလို့...ရွာထဲလျှောက်သွားတာရယ်..ဂွန်းဝု၏ပန်းသီခြံထဲအလည်သွားတာရယ်ပဲ လုပ်စရာကရှိသည်မလား...။
ဂယူဘင်းတို့ရွာလေးက ပန်းသီးကိုအဓိကစိုက်ပျိုးပြီး...အရသာလက်ဆက်တဲ့ ပန်းသီးတွေဟာလည်း ဂယူဘင်းတို့ရွာ၏ထုတ်ကုန်တစ်ခုပင်ဖြစ်သည်...။ထို့ကြောင့်ရွာထဲ၌ ပန်းသီးခြံတွေအမြောက်အများရှိသည်..။ဂွန်းဝုတို့၏ပန်းသီးခြံမှာတော့ရွာထဲရှိအကြီးဆုံးခြံကြီးပင်ဖြစ်သည်..။
ဂယူဘင်းကလယ်ယာအလုပ်ဆိုလဲတစ်ခုမှလုပ်တတ်တာမရှိ...။အပင်တောင်ဘယ်လိုစိုက်ပျိုးရမလဲသူမသိပါ...။မြေသြဇာတောင်မဖြန်းတတ်သည့်အပြင်...ဘယ်အပင်ဆိုဘယ်ကရေစလောင်းရမလဲလဲသူမသိ..။
ယခုတွင်လည်း ဘာမှမလုပ်တတ်သည့်ဂယူဘင်းသည် ဂွန်းဝု၏ပန်းသီးခြံထဲမှ ပန်းသီးတွေကို တစ်လုံးပြီးတစ်လုံးဖြုတ်ကာ တဂျွတ်ဂျွတ်ကိုက်စားနေခြင်းပင်ဖြစ်သည်...။သူလုပ်တတိတာဒါပဲရှိတာကိုး..။
၅လလုံးစားလိုက်အိပ်လိုက်ဖြစ်သာနေခဲ့လို့ထင်သည်..ပိန်ခြောက်ခြောက်ဂယူဘင်း၏ခန္ဓာကိုယ်လေးမှာ အနည်းငယ်တောင်ပြည့်ဖြိုး၍လာသည်..။လုံးလုံးတုစ်တုစ်လေးဖြစ်လာသည့် ဂယူဘင်းကို ရွာထဲကအဒေါ်ကြီးတွေကအသဲယားမဆုံးဖြစ်နေကြသည်လေ...။
ပန်းသီးပင်တွေအား ဂရုတစ်စိုက်ရေလောင်းနေသည့် ဂွန်းဝုကို ဂယူဘင်းကကွတ်ပျစ်ပေါ်၌ခြေပိုက်ထိုင်ကာ ပန်းသီးကိုတဂျွတ်ဂျွတ်ဝါးရင်းထိုင်ကြည့်လို့နေသည်..။ဂွန်းဝုကသူ့ထက်ငယ်သော်လည်း အရာရာကိုကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်သည့်အပြင် လူ့လောက၏အကြောင်းကိုလည်းသူ့ထက်ပိုသိသည်..။နောက်ပြီး ဂွန်းဝုကသူ့ထက်လည်းဗလပိုတောင့်သေးသည်..။ထိုအချက်ကိုတော့ဂယူဘင်းမကျေနပ်ပါ...။သူ့တွင်လည်း ရှိသင့်ရှိထိုက်သည့် အရပ်အမောင်းထက် သာလွန်သည့်အရပ်ရှိသော်လည်း...ဂွန်းဝုလောက်တော့ ဗလမတောင့်...။
YOU ARE READING
I Told The Stars About You★// Binvinshen
Fanfictionရစ်ခီသည်ဂယူဘင်းကိုသိပ်ချစ်သလို... ဂယူဘင်းသည်လည်းကိုကို့ကိုသိပ်ချစ်ပါသည်တဲ့...။ ဒီလိုဖြင့်ပဲရစ်ခီဟာ ရယူခြင်းမဟုတ်သည့်ပေးဆပ်ခြင်း၌သာနေသားကျခဲ့ရ၏...။