" ဂယူ!...ကိုယ့်ဆီလာပါအုံး.. "လက်နှစ်ဖက်ဆန့်တန်းကာခေါ်လို့နေသည့် အနက်ရောင်၀တ်စုံအပြည့်ကို၀တ်ဆင်ထားသည့်ဟန်ဘင်းဆီကို ဟန်ဘင်းထက်အနည်းငယ် ပိုငယ်ပုံပေါ်သည့်ကောင်ငယ်လေးကအပြေးလေးသွားသည်..။ထိုကောင်ငယ်လေး၏မျက်၀န်းတွေမှာလည်း၀ိုင်းစက်လို့နေသည်..။နောက်ပြီးရင်ခွင်ထဲကိုပစ်၀င်ကာတင်းနေအောင်ဖက်လို့ထားသေးသည်..။လေတိုးစရာနေရာပင်မရှိအောင် ပူးကပ်နေသည့်ခန္ဓာကိုယ်နှစ်ခုနှင့် ပြုံးပျော်နေသည့်ကောင်လေးနှစ်ယောက်...။
ထိုအရာဟာအလှပဆုံးမြင်ကွင်းလေးတစ်ခုပင်ဖြစ်လိမ့်မည်..။
" လွမ်းနေခဲ့တာကိုကို...ဘယ်တွေရောက်နေခဲ့တာလဲ.. "
ခပ်တင်းတင်းပူးကပ်လို့ထားသည့် ခန္ဓာကိုယ်နှစ်ခုအနက် အနည်းငယ်အရပ်ရှည်သည့်ဂယူဘင်းဟာ ရင်ခွင်ထဲမှကြောင်လေးသဖွယ်တိုးထွက်ကာ သူ့၏မျက်စိရှေ့က မျက်လုံးလေးတွေမှေးကာတောက်တောက်ပပပြုံးရယ်လို့နေသည့် ဟန်ဘင်းအားမေးသည်..။
ဆူဆူပုတ်ပုတ်လေးဖြစ်နေသည့် ကောင်ငယ်လေးကို သူ့၏ချစ်သူဟန်ဘင်းမှာ အသဲယားလို့ထင်ပါရဲ့ ဖြတ်ကနဲ့ နှုတ်ခမ်းလေးအားငုံနမ်းသည်..။သိပ်ကိုလှပတဲ့..ချစ်သူနှစ်ယောက်၏မြင်ကွင်းလေးပါပင်မဟုတ်ပါသလား...။
" စောင့်နေရတာကြာသွားလား..ကလေးငယ် "
နဖူးပေါ်သို့ခပ်အုပ်အုပ်လေးကျလို့နေသည့် ဆံနွယ်တွေအားသပ်တင်လို့ပေးရင်း ၀တ်စုံအပြည့်ကို၀တ်ဆင်လို့ထားသည့်ဟန်ဘင်းဟာ ခပ်ဖွဖွပြုံးရင်း မေးလာသည်..။မျက်လုံးထဲ၌အချစ်ရိပ်တွေအပြည့်နှင့်ပေါ့...။
" အများကြီးလွမ်း...နေ..နေခဲ့တာ..ကို..ကို ဟင့်! "
စကားတွေကိုပင်အစီအငှော်မတည့်အောင် မပြောနိုင်တော့သည့် ထိုကောင်ငယ်လေးဟာ ဟန်ဘင်းအားတင်းနေအောင်ဖက်၍တစ်ရှုံရှုံနှင့်ငိုကျွေးသည်...။ဟန်ဘင်း၏မျက်နှာပေါ်ရှိဒဏ်ရာတွေအားခပ်ဖွဖွထိတွေ့ရင်း ဂယူဘင်းဟာရှိုက်ကြီးတငင်ငို၏..။ကောင်ငယ်လေး၏မျက်ရည်ပူတွေအား မကြည့်ရက်တော့သည့်ဟန်ဘင်းဟာ ရင်ခွင်ထဲမှဂယူဘင်း၏မေးဖျားအားဆွဲယူ၍ ပါးပြင်ပေါ်ရှိမျက်ရည်ကြည်တွေအား လက်မလေးဖြင့်အသာအယာသုတ်ပေးသည်..။ငိုကျွေးနေသည့်ကောင်လေး၏ပါးမို့မို့တွေအား ၀ါဂွမ်းလုံးလေးသကဲ့သို့ နူးနူးညံ့ညံ့လက်နှစ်ဖက်ဖြင့်ပင့်ယူရင်း ပါးလေးနှစ်ဖက်အား ဘယ်တစ်ဖက်ညာတစ်ဖက်နမ်းသည်...။မျက်ရည်တွေနှင့်ပြည့်နှက်လို့နေသည့်ဂယူဘင်းအား တစိမ့်စိမ့်ကြည့်ရင်း ဟန်ဘင်း၏မျက်လုံးအိမ်တွေမှာပါ အကြည်ရောင်အရည်လေးတွေရစ်သိုင်းလို့လာသည်..။၀ဲတတ်နေတဲ့မျက်ရည်တွေကိုသုတ်ရင် သူဟာလမ်းတွေပျောက်ရသည်..။
YOU ARE READING
I Told The Stars About You★// Binvinshen
Fanfictionရစ်ခီသည်ဂယူဘင်းကိုသိပ်ချစ်သလို... ဂယူဘင်းသည်လည်းကိုကို့ကိုသိပ်ချစ်ပါသည်တဲ့...။ ဒီလိုဖြင့်ပဲရစ်ခီဟာ ရယူခြင်းမဟုတ်သည့်ပေးဆပ်ခြင်း၌သာနေသားကျခဲ့ရ၏...။