Seungmin တစ်ကိုယ်လုံးလေးလံနေသလိုခံစားရသည်
အိပ်ချင်စိတ်ကအခုထိမပြေနိုင်သေး
သူ့ကိုမေ့ဆေးနဲ့အုပ်လိုက်တာအထိမှတ်မိပါသေးသည်
ဒါပေမဲ့အခုဘယ်နေရာမှာရောက်နေမှန်းမသိလို့မျက်စိဖွင့်လိုက်ရင်တောင်သေနတ်တွေနဲ့ချိန်ထားမှာကြောက်ရသည်မျက်စိထဲတွင်လုပ်ဖော်ကိုင်ဖက်အကုန်သွေးတွေစွန်းထင်းခဲ့ရတဲ့မြင်ကွင်းပခုအထိမထွက်သေး
ရုတ်တရပ်ကြီးကိုမှရဟတ်ယာဉ်တွေရောက်ချလာပြီးတကယ့်စစ်ဆင်ရေးတစ်ခုလို့နံရံကြီးကိုခွဲကာအကုန်လုံးကိုမရပ်တန်းပစ်သွားတဲ့သေနတ်သံတွေအခုထိနားထဲကြားယောင်နေဆဲ"နိုးပြီလား"
ခပ်ဩဩအသံတစ်ခုနားထဲဝင်ရောက်လာသည် သေချာပေါက်ကိုရီးယားစကားသံဖြစ်သည်
ခဏ
အီတလီမှာ ကိုရီးယားစကားSeungmin မဖွင့်နိုင်တဲ့မျက်လုံးကိုအားယူပြီးဝုန်းကနဲဆိုပြီးကုန်းထမိသည်
မျက်လုံးသည်အခုထိသေသေချာချာရေရောရာမမြင်ရသေး
မျက်စိရှေ့တွင်လူတစ်ယောက်အနက်ရောင်ရှပ်အင်္ကျီကိုလက်တံတောင်ဆစ်အထိခေါက်တင်ကာကြယ်သီးနှစ်လုံးလောက်ဖြုတ်ပြီးသပ်ရပ်နေအောင်ဝတ်ဆင်ထားသောလူတစ်ယောက်ကိုတွေ့ရသည်
"ကိုရီးယားလူမျိုးလား ကျွန်တော် ..ကျွန်တော်ပြန်ပေးဆွဲခံရတာပါ"
မည်သည့်နေရာရောက်မှန်းလဲမသိသလို မည်သူမှန်းလဲမသိသေးပါ မျှော်လင့်ချက်အလင်းရောင်ခပ်သေးသေးကြောင့်တဖြည်းဖြည်းနဲ့ကျယ်လာတဲ့မျက်လုံးတွေသည်ပိုပိုပြီးတော့မြင်ကွင်းကကြည်ရှင်းလာ၏
အလင်းရောင်သိပ်မရတဲ့အခန်းကျယ် နက်ပြာရောင်ကြွေပြားတွေသာပတ်ပတ်လည်သုံးထားပြီးမီးအဝါတွေချည်းပဲထွန်းထားသည်
ထိပ်တည့်တည့်ကမီးဆိုင်းကြီး အနက်ရောင်လိုက်ကာကြီးတွေနဲ့အတူဆင်စွယ်ရောင်တောက်သောကြမ်းပြင်သည်မျက်စိကျိန်းသည်အထိတောက်ပြောင်လျက်ရှိသည်Seungmin သူ့ကိုယ်သူလဲငုံ့ကြည့်မိ၏ အိစက်နေသောခဲရောင်မွေ့ယာကြီးပေါ်မှာတစ်ကိုယ်လုံးမြုပ်နေသလိုခြေအိတ်လဲမရှိတဲ့အပြင်ရှပ်အင်္ကျီကြယ်သီးကသုံးလုံးလောက်ပြုတ်နေသေးသည်