"နားထောင်နေသေးလား"
တံခါးတစ်ချပ်သာခြားနေသည်
ဒါပေမဲ့တောင်းပန်ဖို့တင်မလုံလောက်
ချော့ပြောတာကခြောက်ပြောသလိုမျိုးသဘောသက်ရောက်သွားတဲ့အခါအထင်လွဲမှုတွေကစလာပေမဲ့ အတတ်နိုင်ဆုံးစိတ်အေးအေးထားဖြေရှင်းမှသာလျှင်အဆင်ပြေမည်"ကိုယ်က ဘာလို့ဒီကိုရောက်လာလဲမမေးတော့ဘူးလား"
အခန်းထဲကဖြေသံမကြားပုံအရ ခန့်မှန်းတာမမှားရင်ငြိမ်ကုပ်ပြီးနားထောင်နေတာတော့သေချာသည်
Seungmin စိတ်ဆိုးသွားလျှင်ဘာစကားသံမှထွက်လာတတ်တာမဟုတ်"နားထောင်နေရင်ပြောပြမယ်"
ဘဝအချိုးအကွေ့ကဒီလို စတယ်
Chris အရင်ဆုံးမည်သူည့်အကြောင်းအရာကိုမှထုတ်မပြောရင်သူ့မျက်နှာတစ်ခုလုံးကိုလက်ဖဝါးပြင်နဲ့ပွတ်ချလိုက်ကာသက်ပြင်းမောတစ်ခုကိုချသည်
ထို့အတူအတွေးတို့သည်အတိတ်ဆီသို့
.........
၂၀၀၉
"
အမေ့သားလေး ကောင်းကောင်းနေနော် ဘေးအိမ်ကကလေးနဲ့လဲခေါ်နော် သားကအကြီးဂရုစိုက် "
Chris ခေါင်းထဲမှာ လွန်ခဲ့တဲ့အပတ်ကတင်သူ့မိဘတွေစပျစ်ခြံဆီမှာလုပ်ငန်းလုပ်ဖို့နယ်ဘက်မပြောင်းရွေ့ခင်မှာကားပေါ်မှာတင်သူ့ကိုမှာသွားသည့်စကားကိုနားထဲကြားယောင်နေသည်
သူကဂရုစိုက်ရမည်ဆိုတာမှန်ပေမဲ့
ကောင်လေးကတစ်ခါတစ်လေကျရင်နည်းနည်းလေးဂျစ်တိုက်ပါသည်အခုလဲ ကေျာင်းကအပြစ်ပေးတဲ့အနေနဲ့ Seungmin ကိုသန့်ရှင်းရေးလုပ်ခိုင်းထားသည်မို့အနားကရေပုံးတွေဆွဲပြီးဖြတ်ပြေးသွားတော့လှမ်းမေးလိုက်၏
"ဒီနေ့သန့်ရှင်းရေးလုပ်ရမှာလား"
"အင်း အားကစားခန်းမကို"
အသက်ကိုသုံးလေးနှစ်လောက်ကွာတဲ့ကလေးနှစ်ယောက်ကတစ်တန်းထဲဖြစ်သွားတဲ့အဖြစ်အပျက်
တစ်ယောက်ကိုတစ်ယောက်မဖြစ်မနေအမှီပြုပြီးနေဖြစ်သွားတဲ့ဆက်ဆံရေးမှာ တဖြည်းဖြည်းနဲ့အနီရောင်ကြိုးနေတစ်ကြိုးကမသိမသာတွယ်ငြိတွယ်နေသည်