5

196 33 6
                                    

၂၀၀၉

စာသင်နှစ်ဆုံးစာမေးပွဲကာလအပြီးဖြစ်သည်
ရက်ရှည်ကျောင်းတွေပိတ်တာဖြစ်သည့်အပြင်
တချို့သောကျောင်းသားကျောင်းသူတွေအားလပ်ရက်ခရီးရှည်ထွက်နေကျပြီဖြစ်ပေမဲ့Seungminတို့အိမ်ဘက်ကဘာသံမှမကြားတာအပြင်မိဘတွေလဲစပျစ်ခြံထဲမှာမို့အိမ်မှာမရှိတာအပါအဝင်Chrisလဲအိမ်မှာတစ်ယောက်ထဲစာအုပ်ထိုင်ဖတ်နေရတာပျင်းတာမို့လို့တစ်ဖက်အိမ်ကိုကူးလိုက်ရသည်

မနက်မိုးလင်းထဲကဘာမှမလုပ်ပဲအိမ်မှာလှိမ့်ပြီးစာအုပ်ထိုင်ဖတ်ဖြစ်ရာဟူဒီအမဲရောင်အပွကြီးနဲ့ရှုပ်ပွနေသော‌ဆံပင်ဘုတ်သိုက်သည်ငှက်သိုက်ထဲကထလာသည့်အတိုင်းပင်

"အန်တီSeungmin ရော"

ခြံစည်းရိုးတံခါးအဝမှာတင်သစ်ပင်ရေလောင်းနေတဲ့Seungminအမေနဲ့တွေ့တာကြောင့်ရှုပ်ပွနေနဲ့ဆံပင်ကိုနဖူးအောက်ဆွဲချပြီးပြောလိုက်တော့

"လမ်းဆုံကပန်းခြံမှာဘောလုံးတစ်လုံးနဲ့ဘာသွားလုပ်နေပြန်ပြီလဲမသိဘူးသားရေ မနက်စာတောင်မစားသွားဘူး"

"အာ ဟုတ်လား သွားလိုက်ပါဦးမယ်"

ဘာပြောနေလဲဆက်နားမထောင်နိုင်အပြင်ထွက်ရင်ကိုယ့်အိမ်တံခါးကိုလုံအောင်ပိတ်ခဲ့ဆိုတဲ့အမေ့စကားကိုလဲနားမထောင်နိုင်တော့ လမ်းဆုံကပန်းခြံမှာဆိုတဲ့အသံကြားတာနဲ့Chrisခြေလှမ်းကြဲကြီးတွေနဲ့ပြေးတော့သည်

ဘာလို့ပြေးမိတာမှန်းလဲမသိ
ဘေးကသွား‌နေတဲ့ဆလွန်းကားအဖြူရောင်ကိုတောင်ပြေးရင်းပြေးရင်းကျော်တက်သွားသည်

လူနေအိမ်ခြေကနည်းတာလဲမဟုတ်ကျဲတာလဲမဟုတ် တစ်လမ်းလုံးခြံနဲ့ဝန်းနဲ့ဖြစ်ပြီးအရိပ်ရသစ်ပင်ကြီးတွေအိမ်ရှေ့တိုင်းလိုလိုရှိသည်
လမ်းထိပ်မှာတော့လမ်းမကြီးအပေါ်တိုက်ရိုက်တက်လို့ရတဲ့လမ်းစုံရှိပြီး‌ကုန်စုံဆိုင်တွေဆေးပေးခန်းတွေကအဲ့ဒီ့ထိပ်နားမှာသာရှိသည် လမ်းမပေါ်ဆက်တတ်သွားရင်တော့အထက်တန်းကျောင်းတစ်ခုကိုရောက်မှာဖြစ်ပြီးသိပ်မနီးမဝေးသောအကွာအဝေးဖြစ်သည်

ဘာလို့မှန်းကိုမသိ Seungmin ဟိုတစ်ခေါက်သူ့ကိုစိတ်ကောက်ပြီးသူ့အိမ်သူပြန်သွားတာစာမေးပွဲတွေမဖြေခင်ကာလထဲမှာဖြစ်သည်
ကလေးမို့လို့စာမေးပွဲကာလလွှတ်ထားပေးလိုက်တာ ကျောင်းပိတ်သွားရင်လဲဒီလိုရှောင်နေမယ်တော့မထင်တာအမှန် ဒါပေမဲ့ဒီတစ်ခါတော့အလွတ်မပေးနိုင်ရအောင်တွေ့ပြီး စိတ်‌ကောက်နေတာချော့ရမည်

Never NotWhere stories live. Discover now