"အဆင်သင့်ဖြစ်ပြီမလား"
Seungmin နည်းနည်းနေရကြပ်နေတဲ့
နက်ကတိုင်ကိုအနည်းငယ်လျော့ချကာနားထဲကဆက်သွယ်ရေးကိရိယာကိုလဲအနည်းငယ်ပြင်ဆင်လိုက်သည်"စိတ်ပူစရာမလိုဘူး ဒီတိုင်းလူလုံးထွက်ပြရင်ရပြီ ကိုယ်ပြောတဲ့အတိုင်းလုပ် အကုန်လုံးကဒီကလက်သပ်မွေးထားတဲ့သူတွေချည်းပဲ"
အနားတင်ရှိနေတဲ့သူတစ်ယောက်လိုနားထဲကကြားနေရတဲ့အသံကတည်တည်ငြိမ်ငြိမ်
Seungmin ရဲ့နောက်မှာ စုစုပေါင်းသက်တော်စောင့်ငါးယောက်လောက်ရှိပြီး သူကတော့အလည်တည့်တည့်မှာ
သူ့အရှေ့တည့်တည့်မှာအစည်းအဝေးခန်းလိုလိုဘာလိုလိုတံခါးမအကြီးကြီးရှိသည်
ပြောတဲ့အတိုင်းလုပ်ဖို့ကတော့လွယ်ပေမဲ့ ဒီအထဲကလူတွေရဲ့ပုံစံကဘယ်လိုလဲမသိတာမို့Seungminနည်းနည်းတော့စိတ်လှုပ်ရှားမိပါသည်
"လွတ်နေတဲ့ထိုင်ခုံမှာဝင်ထိုင်ပြီး ပြောတာကိုလိုက်ပြောရင်ရပြီ ကြောက်တဲ့ပုံလဲမပြနဲ့ ခံစားချက်ရှိတဲ့ပုံလဲမပြနဲ့ စိတ်မလှုပ်ရှားပဲအသင့်ပြင်တော့ ကိုယ်ရှိတယ်"
ကိုယ်ရှိတယ်ဆိုတဲ့စကားဆုံးတာနဲ့Seungminအသက်ကိုခပ်ပြင်းပြင်းရှူထုတ်လိုက်သည်
တဖြည်းဖြည်းနဲ့ပွင့်လာတဲ့တံခါးမကြီးနောက်မှာမကြုံဖူးတဲ့အတွေ့အကြုံသစ်ကိုမျှော်လင့်စောင့်စားလျက်စိတ်ကိုအသင့်ပြင်ထားသည်
OMG!!!
တံခါးဖွင့်ဖွင်းခြင်းမှာတင်သိပ်မဝေးတဲ့အကွာအဝေးမှာရှိနေတဲ့ဖန်သားပြင်
မဟုတ်မှ ဒါကကျည်ကာမှန်တွေကာထားတဲ့ဖန်လှောင်အိမ်လိုမျိူးလား
အမြင့်ကြီးကိုမှနေရာအများကြီးယူပြီးဆောက်လုပ်ထားတာဖြစ်ပြီး
အထဲတွင်တော့အစည်းအဝေးခန်းလိုထိုင်နေတဲ့လူအယောက်နှစ်ဆယ်လောက်ကိုတွေ့ရမည်
အဲ့ဒီ့အပြင်ကိုယ်နဲ့မျက်နှာချင်းဆိုင်မှာရှိနေတဲ့ဖန်သားပြင်ပေါ်ကအဆင့်မြင့်နည်းပညာသုံးထားတဲ့လေပေါ်မှာပေါ်နေတဲ့ပုံရိပ်တွေကြောင့်ပါးစပ်ဟာအဟောင်းသား