ကိုယ့်အချစ်တို့ မင်းသိစေ
~~~~~~~~~~~~~~~~ဆရာဝန်က ဆေးရုံ ဆင်းခွင့်ပေးတာကြောင့် ဂျွန်မြောင်တေယာက် အမေဖြစ်သူနဲ့ ပစ္စည်းများ သိမ်းနေမိသည်။
တယောက် တည်းလေး ရှိတဲ့ သူငယ်ချင်းဖြစ်သူ
ဒိုဂယောင်ဆူဆိုတာ ဆေးရုံ ဆင်းတဲ့ အထိပေါ်မလာ။ဒါပေမဲ့ မဖိတ်ခေါ်တဲ့ ဧည့်သည်ကတော့ ပေါ်လာပါတယ်။
အိုဆယ်ဟွန်း။
ဟွန့် ဆေးရုံ လာတာ အဲလောက် သန်ပြန့်နေအောင် ဝတ်စရာ လိုလို့လား။ တကယ်တည်း ပဲများချက်။ငါလည်း ဒီလောက် ပဲများတဲ့ သူကို ဘယ်လိုတောင် ကြိုက်ခဲ့မိပါလိမ့်။
ဆယ်ဟွန်းတယောက် ချစ်ရတဲ့ ငယ် ဆေးရုံဆင်းတဲ့နေ့မို့ လာကြိုဖို့ ထွက်လာခဲ့သည်။ဆေးရုံ ခန်းထဲဝင်တော့ နှုတ်ခမ်းလေးက
ဆူနေသယောင် မျက်စောင်းလှလှလေး ထိုးပြီး ပွစိပွစိ ပြောနေတဲ့ ကောင်လေး။*ဘယ်လိုတွေတောင်ကွာ။ ကိုယ့်ကလေးက ဝေးနေတဲ့ အတောတွင်းမှာ တော်တော် ချစ်ဖို့ကောင်းလာတာပဲ။
ပါးလေးတွေက ပိုဖောင်းလာသယောင်။
နှုတ်ခမ်းလေးတွေက သဘာဝအတိုင်း နှင်းဆီရောင် သမ်း နေတာ ထိရက်ဖွယ် မရှိ။
စူထားသယောင် ဖြစ်နေတဲ့ နှုတ်ခမ်းလေးက
သူ့ရဲ့ ထိန်းချုပ်ထားတဲ့ စိတ်ကို လာစမ်းနေသယောင်။မနေနိုင်တာကြောင့် ငယ့်ရဲ့ အနားနား ကပ်သွားပြီး
"ဟက် မင်းကိုယ့်ကို လာမစမ်းနဲ့နော် နှုတ်ခမ်းကို နောက်တခါ အဲလို ဆူထားရင် ကိုယ့်နှုတ်ခမ်းကို
အာမ မခံနိုင်ဘူး"
YOU ARE READING
ကိုယ့်အချစ်တို့မင်းသိစေ (One Shot)
Fanfiction" မင်းအချစ်တေကို ကိုယ်လျစ်လျူရှုမိတဲ့ အတွက် တောင်းပန်ပါတယ်။" "ခင်များတောင်းပန်စရာ မလိုတော့ဘူး။ ဘာလို့ဆို ကျတော် ခု ခင်များကို မချစ်တော့လို့" "မင်းကိုယ့်ကိုမချစ်တော့လည်း ကိုယ်ကတော့ မင်းကို ရူးမိုက်အောင် ချစ်မိနေပြီမို့ ကိုယ်လက်မလျှော့ဘူး"