ကိုယ့် အချစ်တို့ မင်းသိစေ
~~~~~~~~~~~~~~~~2023
ဆိုးလ်ဆေးရုံကြီးသတိမေ့နေဆဲ ဖြစ်တဲ့ သားဖြစ်သူကို စိတ်မကောင်းကြီးစွာ ကြည့်နေမိသည်။
အဲနေ့က သားဖြစ်သူ ထွက်သွားတဲ့ နောက်ကျောပြင်လေးကို ကြည့်ရင်း ဒီလို မျိုး ဖြစ်သွားလိမ့်မယ် လို့ အိပ်မက်ပင် မမက်ခဲ့။
သားဖြစ်သူ အလုပ်သွားမယ် ဟု ဆိုကာ သူ့ကို ပြုံးရွှင် ပြီး နှုတ်ဆက်သွားတဲ့ သားငယ်လေး accident ဖြစ်သွားလိမ့်မယ် လို့ ဘယ်သူ ထင်မှာလဲ။
သားဖြစ်သူ accident ဖြစ်တယ် ဆိုပြီး ဖုန်းဆက်တော့ သူ့နားပင် မယုံနိုင်။
အတွေးများနေတုန်း ကြားလိုက်ရတဲ့ တံခါး ဖွင့်သံ
ပန်းစည်းလေး တခုနဲ့ ဝင်လာတဲ့ ကောင်လေးတယောက်။
သားရဲ့ ကုတင်ပေးမှာ သူလာတိုင်းထားခဲ့တဲ့
baby breath ပန်းလေးတေွအစီအရီ။သား accident ဖြစ်တယ် ဆိုတော့ ဆေးရုံလိုက်သွားတော့ သား ဖြစ်သူ ရဲ့ ဘေးမှာ စောင့်နေတဲ့ ကောင်လေး။
ဘယ်သူလဲ မေးတော့ သူငယ်ချင်းတဲ့ ။
သားဖြစ်သူက အနေအေးပြီး သိုသိုသိပ် သိပ် နေတတ်တော့ သူငယ်ချင်း ဖြစ်သူတွေကို သူမ သိပ်မသိ။
ဒိုဂယောင်ဆူ ဆိုတဲ့ ကောင်လေးသာ သိသည်။သားဖြစ်သူ ဆေးရုံ တင်ကတည်း က နေ့တိုင်း
ပန်းလေးတွေနဲ့ ရောက်လာတဲ့ ကောင်လေး။သားဖြစ်သူ ဘေးနားမှာ ထိုင်ကာ လက်ကလေးကိုင်ပြီး စကားတွေ ပြော လေ့ရှိတဲ့ ကောင်လေး။
သားလေးရဲ့ နဖူးပေါ်မှာ ကျနေတဲ့ ဆံပင်လေးကို သပ်ပေးပြီး နဖူးပေါ်ကို အနမ်းလေး မသိမသာ ပေးတတ်တဲ့ ကောင်လေးက သူငယ်ချင်း တွေ ကော ဟုတ်ရဲ့လား။
နာမည်လေးက တော့ အိုဆယ်ဟွန်းတဲ့။
.
.
.
.
.
.
.မျက်စိဖွင့်ဖွင့်ခြင်း မြင်လိုက်ရတဲ့ မျက်နှာ ကျက် ဖြူဖြူ နှာခေါင်းထဲ ကို စူးခနဲ ဝင်လာတဲ့ ပိုးသတ်ဆေးနံ။
ဘေးဘီ ကြည့်လိုက်တော့ လက်မှာ ပိုက်တန်းလန်းနဲ့
*အော် ငါ ဆေးရုံမှာပဲ*
YOU ARE READING
ကိုယ့်အချစ်တို့မင်းသိစေ (One Shot)
Fanfiction" မင်းအချစ်တေကို ကိုယ်လျစ်လျူရှုမိတဲ့ အတွက် တောင်းပန်ပါတယ်။" "ခင်များတောင်းပန်စရာ မလိုတော့ဘူး။ ဘာလို့ဆို ကျတော် ခု ခင်များကို မချစ်တော့လို့" "မင်းကိုယ့်ကိုမချစ်တော့လည်း ကိုယ်ကတော့ မင်းကို ရူးမိုက်အောင် ချစ်မိနေပြီမို့ ကိုယ်လက်မလျှော့ဘူး"