ကိုယ့်အချစ်တို့မင်းသိစေ
~~~~~~~~~~~~~~~ဆေးရုံခုတင်ပေါ်မှာ စောင်ဖြူပါးပါးတွေအောက် အိပ်ပျော်နေတဲ့ ကောင်လေးတယောက်။ သူ့ဘေးမှာတော့ လွမ်းဆွတ်ခြင်း အပြည့် မျက်ဝန်းတေနဲ့ ကြည့်နေတဲ့ ကောင်လေးတယောက်။
ဒီနေ့ဆို သူသတိမေ့နေတာ ၁၆၅ရက် တိတိကျကျပြောရင် ငါးလနဲ့ သုံးရက် ။
ကိုယ့်အတွက်တော့ ငါး ကမ္ဘာလောက် ကြာတယ် ငယ်ရယ်။ နာရီစက္ကန့်တိုင်း နေ့ရက်တိုင်းက ကိုယ့်အတွက်
အဓိပ္ပာယ် မဲ့နေသယောင်။ မင်းမရှိတဲ့ ကိုယ့်ရဲ့နေ့ရက်တွေက ခုကိုယ့်အတွက်ဆို လုံလောက်နေပြီ မဟုတ်ဘူးလားကွာ။*
မြန်မြန် သတိရပါတော့ ဂျွန်မြောင်ရယ်~~~~~*"ဆယ်ဟွန်း ကုမ္ပဏီသွားရအုံးမယ်လေ။ ဒီနေ့ ရှယ်ရာရှင်အစည်းဝေးရှိတယ်လေကွာ။"
အသံကြားရာ လှမ်းကြည့်လိုက်တော့ သူ့ကို ဂရုဏာ မျက်ဝန်းတေနဲ့ ကြည့်ပြီး လှမ်းပြောနေတဲ့ ဂျုံအင်။
"အော် အေး သွား သွားကြတာပေါ့"
"မင်းတအားကြီးလည်း စိတ်မကောင်းဖြစ်ပါနဲ့ ကွာ။ သူမကြာခင် သတိရလာမှာပါ"
"ဘယ်တော့လဲ ဘယ်တော့လဲ ဂျုံအင် မကြာခင်ဆိုတာဘယ်တော့လဲ လို့။ သူငါ့ကို ပြန်များလက်စားချေနေတော့တာလားကွာ။"
ဂျုံအင်တယောက် ကြေကွဲနေတဲ့ သူ့သူငယ်ချင်းကို ကြည့်ပြီး ခေါင်းသာရမ်းမိပါတော့သည်။
Flash back
2019ဆိုးလ်တက္ကသိုလ်
"အားးး စီနီယာ ဆယ်ဟွန်း "
"အားး စီနီယာ ဂျုံအင်"
"ဝါးး စီနီယာ ချန်ယောလ်"ကျောင်းကန်တင်းတွင် မိန်းကလေးများ၏ အော်သံများနှင့် ပြည့်နှက်နေသည်။
ဆယ်ဟွန်း ဂျုံအင်နဲ့ ချန်ယောလ်တို့က တတိယနှစ် ကျောင်းသား ဘတ်စကတ်ဘော အသင်းဝင်တွေလည်း ဖြစ်သည်။ အရပ်ရှည်ရှည် အသားဖြူဖြူ အရည်ချင်းရှိသော သူတို့ သုံးယောက် တို့သည် ပျိုတိုင်းကြိုက် နှင်းဆီခိုင် များ ဆိုလျှင်လည်း မမှား။
တစ်ဖက်မှာတော့ ထိုအော်သံများကြောင့် ကန်တင်း ထောင့်တနေရာတွင် အိပ်ငိုက်နေသော
ကောင်ေလးတယောက် လန့်နိုးလာသည်။
YOU ARE READING
ကိုယ့်အချစ်တို့မင်းသိစေ (One Shot)
Fanfiction" မင်းအချစ်တေကို ကိုယ်လျစ်လျူရှုမိတဲ့ အတွက် တောင်းပန်ပါတယ်။" "ခင်များတောင်းပန်စရာ မလိုတော့ဘူး။ ဘာလို့ဆို ကျတော် ခု ခင်များကို မချစ်တော့လို့" "မင်းကိုယ့်ကိုမချစ်တော့လည်း ကိုယ်ကတော့ မင်းကို ရူးမိုက်အောင် ချစ်မိနေပြီမို့ ကိုယ်လက်မလျှော့ဘူး"