Extra ပိစိလေး
~~~~~~~~~~"မသွားဖူးဗျာ "
"ဂျွန်မြောင် ခေါင်းမမာစမ်းနဲ့ကွာ"
"ဟာ မသွားဖူးလို့ပြောနေတယ်နော်"
"ဒီမှာ ဂင်ဂျွန်မြောင်တဲ့ တမြောင်ပဲ ရှိတယ် နှစ်မြောင်မရှိဘူး နှစ်မြောင်ရှိရင် ပြုတ်စားပစ်မယ် ဘာမှတ်နေလဲ ခများ"ပြောလိုက်တဲ့စကားကြောင့် ခပ်ကြိတ်ကြိတ် ရယ်မိတဲ့ ဆယ်ဟွန်း
"ဘာရယ်တလည်း ခများ"
"မရယ်ပါဘူးကွာ"
"မင်း စိတ်တိုတာလေးက ချစ်ဖို့ကောင်းလွန်းလို့ပါ"
ပန်းရောင်ရင့်ရင့် သန်သွားတဲ့ ပါးလေးနဲ့ အတူ မျက်နှာလေး ငုံသွားတဲ့သူ
"လိမ္မာပါတယ်ဂျွန်ရယ် သွားလိုက်ပါကွာ ငယ်သူငယ်ချင်းတွေပဲဟာ"
"အဲဆို ခများပါ လိုက်ခဲ့လေ အဲဆိုသွားမယ်"
"ကိုယ်မှ မအားတာ ဂျွန်သိရဲ့သားနဲ့ကွာ လိမ္မာပါတယ်"
"ဒါဆို ကျတော် မသွားချင်တာလည်း သိရဲ့သားနဲ့
ခများ ဘာလို့ စွတ်သွားခိုင်းနေတာလဲ"သူလေးရဲ့ သူငယ်ချင်းဖြစ်သူ ဂယောင်ဆူတို့ရဲ့ anniversary ပွဲ ကို သွားခိုင်း နေတာ ကို မသွားချင်ဖြစ်နေတဲ့ ကလေးရယ်ပါ။
အကြောင်းပြချက်မေးတော့
"သူတို့ ဘယ်လောက် သဲကဲတယ်ဆိုတာ ခများ မသိတာလား ဟင်"
"ကျတော် ကို သုံးဘီး ဖြစ်ခိုင်းနေတာလား"
"ခများ မပါပဲ ကျတော့်ကို တယောက်တည်း လွှတ်ရက်တယ်နော်"
"ခများ ကျတော့်ကို အခုချိန်က စပြီး စကားလာမပြောနဲ့"
ကလေးဆန်ဆန် အကြောင်းပြချက်ပြချက်နဲ့ မသွားချင်တဲ့ကောင်လေးက ခုတော့ စိတ်ဆိုးသွားချေပြီ။
မတတ်နိုင် ကိုယ့်ဘက်ကလည်း လျှော့လို့ မဖြစ်တဲ့ အကြောင်းကလည်း ရှိနေတော့။လောလောဆယ်တော့ ကိုကို ဆိုတဲ့ နာမ်စားလေးအစား ခများ ခများ လို့ ခေါ်ပြီး နှုတ်ခမ်းတထော်ထော် ဖြစ်နေတဲ့ကောင်လေးကို အတော်အသည်းယားနေပြီ
YOU ARE READING
ကိုယ့်အချစ်တို့မင်းသိစေ (One Shot)
Fiksi Penggemar" မင်းအချစ်တေကို ကိုယ်လျစ်လျူရှုမိတဲ့ အတွက် တောင်းပန်ပါတယ်။" "ခင်များတောင်းပန်စရာ မလိုတော့ဘူး။ ဘာလို့ဆို ကျတော် ခု ခင်များကို မချစ်တော့လို့" "မင်းကိုယ့်ကိုမချစ်တော့လည်း ကိုယ်ကတော့ မင်းကို ရူးမိုက်အောင် ချစ်မိနေပြီမို့ ကိုယ်လက်မလျှော့ဘူး"