Jeon ဧကရာဇ်ရဲ့မျက်ဝန်းညိုလေးဟာ ပျောက်ချက်သားကောင်းနေပေရဲ့ ရှာတွေ့ချင်ပြန်တော့လည်း အနီးလေးမှာပါလား
Taehyung ဒီနေ့ စားဖိုဆောင်ထဲလာချောင်းနေရသည် မနေ့ကသူအမှားလုပ်ထားသည်မလား
မနေ့ကသူသည် ညဘက်ဗိုက်ဆာသဖြင့် မုန့်ခိုးစားရန် စားဖိုဆောင်သို့လာခဲ့ချိန် စားဖိုမှုးကြီးနှင့်တွေ့ကာ ထွက်ပြေးရင်း ဆန်အိုးအားတိုက်မိ၍ပျက်စီးသွားခဲ့လေသည်jungkook တစ်ယောက် မနေ့ကနန်းတွင်းခြေနေစစ်ဆေးနေချိန် စားဖိုဆောင်ရှေ့တွင် ကုတ်ချောင်းကုတ်ချောင်းနှင့်ကုန်းကုန်းကွကွဖြစ်နေသော သူ၏မျက်ဝန်းညိုလေး
" အသင်ဘာ့ကြောင့် ချောင်းနေရတာလဲ "
Taehyung လည်း စားဖိုဆောင်ထဲအာရုံရောက်နေသည်မို့ သူ့အားမေးသူကိုမကြည့်ပဲဖြေမိသည်
" ကျွန်တော် မနေ့ညက ဆန်အိုးခွဲမိလို့ပါဗျာ အခုဗိုက်ဆာတာတောင် စားဖိုဆောင်ထဲမဝင်ရဲဘူး "
" ဟား ဟား ဖြစ်ရမယ် ကြောက်တတ်ရင်အစတည်းက ရှောင်သင့်တာရှောင်ရမယ်လေ "
Taehyung စိတ်ပေါက်သွားလေပြီ ကိုယ့်အပြစ်ကိုယ်သိလို့ အငတ်ခံနေရပါတယ်ဆို ဘယ်ကောင်ကလာလှောင်နေရတာလဲဆိုပြီးကောင်းကောင်းပြောရန်နောက်လှည့်စဥ် တွေ့လိုက်ရသူကြောင့် ကိုယ့်ဘာသာကိုယ် ကြိုးစင်တတ်ချင်စိတ်ပါဖြစ်ခဲ့မိတယ်
" အ အ အရှင်မင်းကြီး "
" ငါကိုယ်တော့ကိုတွေ့တာ အဲ့ဒီလောက်တောင်လန့်ရလား "
" စိုးရွံ့မိပါတယ် အရှင်မင်းကြီး ကျွန်တော်မျိုး အပြစ်ခံရသင့်ပါတယ် "
" သေချာပေါက် အပြစ်ပေးသင့်တာပေါ့ "
" လာကြစမ်းရဲမက်တို့ သူ့ကို ငါကိုယ်တော့်အဆောင်ထဲပို့ဆောင်ထားကြ "
Taehyung လည်းဘာမှမတတ်နိုင်သည်မို့လိုက်ပါခဲ့ရသည် စိတ်ထဲမှာတော့ထိုဘုရင်အားအမှုန့်လုပ်ပစ်ချင်နေပြီ
Taehyung ရောက်နေတာကြာချေပြီ ဗိုက်လည်းဆာလှပြီ အပြစ်ပေးမယ့် အရှင်မင်းကြီးလည်းမရောက်သေးပေ
" ဒီချိန် yoon လေးသာ ငါ့လာခေါ်ရင်ကောင်းမယ် yoon လေးစကားနားထောင်ခဲ့သင့်တာ "
YOU ARE READING
💔Cursed love💔
Actionkth💜💜 နောင်ဘဝဆိုတာသာရှိခဲ့ရင် ကျနော်ချစ်ရတဲ့သူတွေအစားကျနော်ပဲ ဝေဒနါတွေခံစားရပါစေ pjm💜💜ကိုယ်မင်းကိုအဆုံးထိချစ်ပေးခဲ့တယ်နော် ကိုယ့်သက်လှယ် နောင်တစ်ခါပြန်ဆုံတွေ့ရင် သက်လှယ်လို့ခေါ်ခွင့်ရပါ့မလား jjk💜💜ကိုယ်တော်က မင်းကိုကိုယ်တော့ရဲ့ ဧကရီလေးဖြစ်စေချင...