" Jeon ဧကရာဇ်ကိုယ်တိုင် လာရောက်ရတဲ့အကြောင်းရင်းကဘာများလဲ "
Kim နိုင်ငံရဲ့ ဧကရာဇ်မှ ဆီးကြိုကာမေးလိုက်သည်
" ကိုယ်တော်က မိဖုရားကိုစိတ်မချလို့လိုက်လာရင်း Kim နိုင်ငံရဲ့ ဧကရီလည်း နာမကျန်းဖြစ်နေတယ်ဆိုလို့ လာရောက်သတင်းမေးမြန်းတာပါ "
Jungkook လည်း ဧကရီအတွက်ပါလာတဲ့ဆေးဝါးတွေပေးရင်းပြန်ဖြေလိုက်သည်
" မယ်မယ်နဲ့မင်းကြီးကို Jiyoon ဂါရဝပြုပါတယ် "
အဖေဖြစ်သူဟာ Kim နိုင်ငံရဲ့စစ်သူကြီးဖြစ်တဲ့အတွက် Jiyoon လည်းငယ်စဥ်တည်းက နန်းတွင်းကိုဝင်ထွက်လေ့ရှိသည်။
သမီးမရှိေသာ ဧကရာဇ် နဲ့ ဧကရီရဲ့ အချစ်ခံလေးဆိုလည်းမမှားပေ" ထပါသမီးတော် ရောက်လာပြီဆိုမှတော့ စားတော်ပွဲတည်ကြပါအုံး "
ကိုယ့်အိမ်ကိုယ့်ရာလိုသွားလာခွင့်ရနေတဲ့ Jiyoon ကို Kim ဧကရီက သမီးတော်လို့သာ ခေါ်လေ့ရှိသည်
" ဧကရာဇ် Jeon လည်းအနားယူပါအုံး "
အစတည်းက Mena ကိုတွေ့ဖို့လာခဲ့တဲ့အတွက် အချိန်မကြန့်ကြာစေရန် jiyoon မေးလိုက်သည်
" မယ်မယ် Mena လေးကို တွေ့ချင်လို့ပါ "
Mena ရဲ့ နာမည်ကြားတာနဲ့ မျက်နှာပျက်နေသော မယ်မယ့်ကို ကြည့်ပြီး Jiyoon အလိုက်သတိ စကားပြန်လွှဲလိုက်တယ်
" နောက်မှပဲတွေ့လိုက်ပါ့မယ် Jiyoon ခေါင်းနည်းနည်းမူးလာလို့ နားလိုက်ပါအုံးမယ် "
jungkook ကတော့ မနေ့ညတည်းက ပျောက်သွားတဲ့ မျက်ဝန်းညိုလေးကိုသာ မျက်စိကစားကာရှာဖွေနေမိတယ်
" Jeon ဧကရာဇ်လည်း အနားယူပါအုံး "
Kim အရှင်ရဲ့ စကားကို jungkook လက်ခံလိုက်သည် သူလည်းပင်ပန်းနေတယ်လေ
" ကောင်းပါပြီ Kim အရှင် "
.................
" သမီးတော် yoonလေး သက်သာရဲ့လား "
ခေါင်းမူးနေတယ်ဆိုသောစကားကြောင့် သမီးတော်လေးကို စိတ်ပူကာမေးမြန်းနေတဲ့မယ်မယ်
" Mena လေးဘယ်မှာလဲ မယ်မယ် jiyoon ပထမအကြိမ်မေးတုန်းက မယ်မယ့်မျက်နှာအရိပ်အကဲကြောင့် ဆက်မမေးတော့တာ "
YOU ARE READING
💔Cursed love💔
Actionkth💜💜 နောင်ဘဝဆိုတာသာရှိခဲ့ရင် ကျနော်ချစ်ရတဲ့သူတွေအစားကျနော်ပဲ ဝေဒနါတွေခံစားရပါစေ pjm💜💜ကိုယ်မင်းကိုအဆုံးထိချစ်ပေးခဲ့တယ်နော် ကိုယ့်သက်လှယ် နောင်တစ်ခါပြန်ဆုံတွေ့ရင် သက်လှယ်လို့ခေါ်ခွင့်ရပါ့မလား jjk💜💜ကိုယ်တော်က မင်းကိုကိုယ်တော့ရဲ့ ဧကရီလေးဖြစ်စေချင...