💝 9 💝

72 9 28
                                    

" သက်လှယ် ကိုယ်မင်းကိုအရမ်းချစ်တာ သိတယ်မလား "

" omm သက်လှယ်သိတယ် ကိုကို တော်ပြီး စကားထပ်မပြောနဲ့ အားလျော့သွားမယ်လေ "

" ကိုယ် မင်းကိုတစ်ခါလောက်နမ်းရှိုက်ခွင့်ပြုပါလား သက်လှယ် "

" ဒီနှုတ်ခမ်း ဒီခန္ဓာ ဒီနှလုံးသား သက်လှယ်ရဲ့အရာအားလုံးကို ကိုကိုပိုင်ပါတယ် "

ထို့နောက် ထပ်တူကျသွားသောနှုတ်ခမ်းတစ်စုံနဲ့အတူ အသက်မဲ့သွားသော ခန္ဓာလေး

.............................................

" ​hyung ကျောင်းဆင်းရင် တွေ့ကြရအောင် "

" အော အင်းပါ "

jungkookက ကျောင်းဆင်းချိန်တွေ့ဖို့ချိန်းတော့ Taehyung လည်းလက်ခံလိုက်လေသည် သူ jungkook ကိုပစ်ထားတာကြာပြီမလား

" မမ yuri တို့ ဒိတ်ကြရအောင် "

" အဟွတ် အဟွတ် "

yuri ရဲ့စကားကြောင့် နားရွက်ဖျားလေးတွေနီနေတဲ့မမ ဟာ သိပ်ချစ်ဖို့ကောင်းပါသည်။

Naru တစ်ယောက် yuri စကားကြောင့် သောက်နေတဲ့ coffee လေးတောင် သီးသွားရသည်။
အတန်းနားချိန်လေးကန်တင်းထိုင်ပြီးအေးဆေးနားမယ်ကြံသေး ဘေးနားက တောက်တတ်လို ကလေးမက လာနှောက်ယှက်နေပြန်ပြီ ​ဘာတဲ့ ဒိတ်ရအောင်ဆိုလားပဲ သူတဲ့ကိုယ်နဲ့ချစ်သူလည်းမဟုတ်ပါပဲနဲ့ စကားကိုလက်လွတ်စပယ် သိပ်ပြောတာပဲ

" ဒီမှာ Park Yuri Shii ဒို့မင်းကိုအပြတ်ငြင်းပြီးသားလေ ဘာကိစ္စနဲ့လာနှောက်ယှက်နေရတာလဲ ပြီးတော့ ကျောင်းဆင်းရင် ဒို့ သွားစရာရှိတယ် "

" yuri က မမအတွက်အနှောက်ယှက်ပေါ့လေ "

မျက်နှာငယ်လေးနဲ့ သူမအားပြန်မေးနေသော ကောင်မလေးကို သနားမိပေမယ့်လည်း သူမ မှပြန်မချစ်နိုင်တာ ပြန်မချစ်နိုင်ပဲနဲ့တော့ မျှော်လင့်ချက်တွေ မပေးချင်တာကြောင့်

" inn မင်းက ဒို့အတွက် အနှောင့်အယှက် တစ်ခုထက်မပိုဘူး "

yuri လည်းမျက်ရည်တွေဝဲကာ မမ ရှေ့ကလှည့်ထွက်လာခဲ့မိသည် ။

yuri pov ( ဘာလို့လဲ ဘာလို့ငါမှလည်း အခြားလူတွေလည်းရှိနေရဲ့နဲ့ ကံကြမ္မာကငါ့ကိုပဲ အပြစ်ပေးနေရတာလဲဟာ )

 💔Cursed love💔Where stories live. Discover now