မျက်ဝန်းညိုလေးမှာ ချစ်ရသူရှိတယ်တဲ့လား
ကိုယ်တော်က Jeon ဧကရာဇ်လေ ဘယ်သူတားနိုင်မလဲJeon ညီလာခံပြီးချိန် သူရဲ့နန်းဆောင်မှာရောက်နေတဲ့ ကြင်ယာတော် Min
" ဘာကိစ္စများလဲ ကြင်ယာတော် "
" အရှင်ကျမ အရှင့်ခွင့်ပြုချက်လိုချင်လို့ပါ "
" ဘာအကြောင်းများလဲ "
" အဖေ့ကျန်းမာရေးအတွက် စိုးရိမ်ရလို့ အနောက်တိုင်းဆေးဝါးနဲ့ကုသမှရပါမယ်တဲ့
အဲ့အတွက် အဖေ့ကိုအနားယူစေချင်လို့ပါ "" အင်းကောင်းပါပြီ အမတ်ချုပ်ကြီးကတာဝန်သိတတ်လွန်းတော့ကိုယ်တော်ခွင့်ပေးလိုက်ပါမယ် "
" ကျေးဇူးကြီးမြတ်လှပါတယ်အရှင် "
ထိုအချိန်နန်းဆောင်ထဲထပ်မံရောက်ရှိလာတဲ့မိဖုရား
" မိဖုရားကို ကြင်ယာတော် ဂါရဝပြုပါတယ် "
" ထပါ ကြင်ယာတော် Min "
" မိဖုရား ကိုယ်တော့်ဆီလာရတဲ့အကြောင်းက "
" အရှင်မေ့နေမယ်ထင်လို့ပါ ဒီနေ့ ကျမရဲ့မိဘတွေစီသွားမယ့်နေ့ပါ "
" ကိုယ်တော် မမေ့ပါဘူး မိဖုရား အသင့်ဖြစ်ရင် ထွက်လို့ရပါပြီ "
" ကျမအသင့်ဖြစ်ပါပြီ အရှင်"
" ကောင်းပြီ ဒါနဲ့ မိဖုရားရဲ့သက်တော်စောင့်ရော မတွေ့မိပါလား "
" သူလည်း ခရီးမှာလိုအပ်တာဆောင်ရွက်နေလို့ပါ "
jungkook ကိုရှောင်နေတဲ့ taehyung က အခုဆို တစ်ပါတ်နီးနီးရှိခဲ့ပြီ သူ့ (jk)အရှေ့သိုမပေါ်လာခဲ့ပေ။
" ကောင်းပါပြီ "
ထိုတစ်ချိန်လုံးမိဖုရားကိုသာ စူးစိုက်ကြည့်ေနခဲ့တဲ့ မျက်ဝန်းတစ်စုံကိုတော့ မည်သူမှမသိခဲ့ကြချေ
" ဒါဆို သွားခွင့်ပြုပါအုံး အရှင် "
" ကောင်းပါပြီ သွားပါ "
" အရှင်ကျမကိုလည်းသွားခွင့်ပြုပါ အဖေ့ခရီးအတွက်လိုအပ်တာပြင်ဆက်ပေးမလို့ပါ "
" ကောင်းပြီ လိုအပ်တာရှိရင်ကိုယ်တော့်ကိုပြောပါ "
" ဟုတ်ကဲ့ပါ အရှင် "
YOU ARE READING
💔Cursed love💔
Actionkth💜💜 နောင်ဘဝဆိုတာသာရှိခဲ့ရင် ကျနော်ချစ်ရတဲ့သူတွေအစားကျနော်ပဲ ဝေဒနါတွေခံစားရပါစေ pjm💜💜ကိုယ်မင်းကိုအဆုံးထိချစ်ပေးခဲ့တယ်နော် ကိုယ့်သက်လှယ် နောင်တစ်ခါပြန်ဆုံတွေ့ရင် သက်လှယ်လို့ခေါ်ခွင့်ရပါ့မလား jjk💜💜ကိုယ်တော်က မင်းကိုကိုယ်တော့ရဲ့ ဧကရီလေးဖြစ်စေချင...