ကျွန်တော် သူမကို စတွေ့တဲ့နေ့က coffeeဆိုင်လေးတစ်ခုထဲမှာပေါ့
လှရက်လွန်းပါတယ်လို့ ကျွန်တော် မညွှန်းဆိုရက်ပေမယ့်
သူမက ကျွန်တော့်မျက်လုံးထဲမှာ ထူးခြားနေတာမျိုးလေး
ရုပ်မြင်ချစ်ခင်ပါစေ ဆုတောင်းပြည့်နေသလိုပါပဲ ခင်ဗျားရယ်
မြင်မြင်ချင်းရူးတယ် ဆိုရင်ဆိုကြစမ်းပါစေဗျာ
မမ မှာတဲ့coffeeကိုဝယ်ပြီး ကျွန်တော်ဆိုင်ကပြန်အထွက် သူမကိုလှည့်ကြည့်မိတော့ သူမ မရှိတော့ဘူး
သေချာတာပေါ့ သူမပြန်သွားပြီလေ
ခင်ဗျားရယ် ကျွန်တော်တော့ ရူးသွပ်စွာ မြတ်နိုးမိပါပြီ
ဒီလူက မြင်မြင်ချင်းသဘောကျမိတာမလို့
အရူးလို့စွပ်စွဲပြီး အရူးထောင်ထဲထည့်တောင်
ဒီလူက ကျေကျေနပ်နပ်ကြီး လက်ခံပါတယ် ခင်ဗျားရယ်
.............................
သေချာတာပေါ့ နဂိုက မမ အလုပ်ခိုင်းမှာ ကြောက်တဲ့ကျွန်တော် အလုပ်မျှော်တတ်လာပြီ
အကြောင်းမရှိအကြောင်းရှာ coffeeဆိုင်လေးကို ခြေချင်းလိမ်အောင် သွားတတ်လာခဲ့ပြီ
မမ ကတော့ညဉ်းပါရဲ့ သူအဲ့ဒီ့coffeeဆိုင်ကအရသာကိုကြိုက်ပါရဲ့
ဒါပေမယ့် နေ့တိုင်းသောက်နေရတော့ ကျွန်တော့်က သူ့ကို ရွဲ့နေတာလားတဲ့
ဘယ်ကသာ မမ ရယ် ကျွန့်တော်စေတနာပါဗျာ မမ ကျေးဇူးကြောင့် သူမနဲ့တွေ့ခဲ့တာလေ
သူနဲ့ပြန်ဆုံချင်တာကတော့ တစ်ကြောင်းပေါ့ဗျာ
ဒီလိုနဲ့ တစ်နေ့တော့ပြန်ဆုံခဲ့လေရဲ့........
သေချာတာပေါ့ သူမနဲ့ပြန်ဆုံတာက coffeeဆိုင်လေးထဲမှာပဲပေါ့
ဖြစ်ချင်တော့ ကျွန်တော့် မမ က ကျွန့်တော်ရဲ့ ဖူးစာရေးနတ်မင်းလိုပါပဲ
သူမနဲ့ဆုံရတိုင်း မမ ကတော့ အကြောင်းအရာတစ်ခုမဟုတ်တစ်ခုပါဝင်နေလေရဲ့
.............................
"မမ"
"အေး ဘာလဲပြော"