Chapter1

66 4 3
                                    

လူသားလို့မထင်ရအောင်လှပသောကောင်လေးနဲ့တွေ့ခဲ့သည်

"မနက်ခင်းလေးဟာ အမြဲလှပနေခဲ့ပါတယ်
  ဒါပေမယ့် အနာဂတ်မဲ့နေတဲ့ကောင်လေးအတွက်
   တော့မဟုတ်ဘူး
   ကျေးဌက်သံလေးတွေနားထောင်ရင်း‌ ကော်ဖီပူပူ
   လေးများသောက်လိုက်ရင် စိတ်ရှုပ်စရာတွေဖြေ
   လျော့သွားမလား"

ဧည့်ခန်းထဲမှာထွက်လာတဲ့ ကလေးငိုသံသဲသဲလေးရယ် ကလေးလေးကိုပွေ့ချီရင်းချော့သိပ်နေတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်
"အိုကလေးလေးရယ်အိပ်ပါကွယ် ဖေဖေသီချင်းဆိုမယ်"
ကလေးကအကြောတင်းပါ ‌ကောင်လေးဘယ်လောက်ပဲချော့သိပ်သိပ်အငိုမရပ်နိုင်သောကလေးကြောင့် နာရီကိုကြည့်လိုက် ကလေးကိုကြည့်လိုက်ဖြင့် ဗြာများရင်းမနက်ခင်းလေးကိုစတင်ခဲ့လိုက်သည်
ကလေးလေးတဖြည်းဖြည်းအိပ်ပျော်သွားမှ ပုခက်ထဲကိုအသာလေးထည့်ခါ ကျောင်းသွားရန် အပြေးအလွှားပြင်ဆင်ရတော့သည် မနက်စာတောင်မစားနိုင်ဘဲကျောင်းသွားရင်ပြင်ဆင်နေသည့်ထိုကောင်လေးမှာ ဗလကြီးမဟုတ်ပါ လောကဓံရိုက်ချက်ကြောင့် အသားအရေဖြူဖတ်ဖြူရော်ဖြင့် ပိန်ချုံးပါးလှီနေပါသည် ဝတ်နေကျအကျီလေးကိုဝတ်ကာ ခါးသေးသေးလေးပေါ်သို့ပုဆိုးဝတ်ရင်းကျောင်းသွားရန်ပြင်ဆင်သည် သို့သော် သူ့၏အမ သော်တာကိုလည်းအမြဲနှုတ်ဆက်ဖို့မမေ့ခဲ့ပါ အခန်းထောင့်တစ်ခုတွက်ဆံပင်စုတ်ဖွားဖြင့်ထိုင်နေသောအမကိုပြုံပြရင်း
"အမကျွန်တော်ကျောင်းသွားတော့မယ်နော် အမသမီးလေးအိပ်နေလို့ မနှောက်ယှက်လိုက်နဲ့နော် အမကလေးကိုနှောက်ယှက်လို့တစ်ခုခုဖြစ်ရင် ကျွန်တော်စိတ်ဆိုးမှာ"
သို့သော်တစ်ယောက်ထဲစကားတွေပြောနေခြင်းသာ အခန်းထောင့်မှအမျိုးသမီးကတော့ တစ်ခွန်းမှပြန်မပြောခဲ့ပါ ဘေးလွယ်အိတ်လေးကိုဆွဲရင်းရထားဘူတာရှိရာသို့အပြေးအလွှားသွားရတော့သည် ရထားထွက်ရန်မိနစ်အနည်းငယ်သာလိုတော့သည် ရထားဘူတာသို့ရောက်သောအခါအထဲသို့ဝင်ရန်ကြိုးစားနေချိန်ရုတ်တရက် မီးရထားဝန်ထမ်းတစ်ဦးကလှမ်းဆွဲခြင်းကိုခံလိုက်ရသည်
"ဟိတ်ကောင်လေး မင်းမနေ့ကရထားလက်မှတ်မဝယ်ပဲ ခိုးစီးသွားတဲ့ကောင်လေးမလား"
"ဟုတ်ဟုတ် ကျွန်တော်တောင်းပန်ပါတယ် ဒီနေ့အတွက်တော့ ကျွန်ဝောာ်လက်မှတ်ဝယ်မှာပါ"
မီးရထားဝန်ထမ်းကကောင်လေးလက်ကို ဆွဲရမ်းလိုက်တာကြောင့် ကြမ်းပြင်ပေါ်သို့ထိုင်လျက်ပြုတ်ကျသွားတော့သည်
"သွား ထွက်သွားစမ်း မင်းလိုသူခိုးမျိုးကို ရထားပေးမစီးနိုင်ဘူး"
ထိုအချိန်ရထားစက်ခေါင်းမှ ဩဥဆွဲသံကြားလိုက်ရသည် ကောင်လေးလည်း မီးရထားဝန်ထမ်းကို ကိုယ်လုံးနှင့်တွန်းကာ နောက်မကြည့်ပဲ ရထားရှိရာသို့ပြေးလာလိုက်သည်
"ဟိတ်ကောင်လေး အာဒီကောင်ကွာ ဒီနေ့လည်း လက်မှတ်မဝယ်ဘူး နောက်တစ်ခါတွေ့ရင် သေချာဖမ်းရမယ်"
ရထားတွဲပေါ်သို့ရောက်မှ သက်ပြင်းချနိုင်တော့သည် သို့သော်အိမ်တွင်ကျန်ခဲ့သော အမနှင့်တူမလေးကိုလည်းစိတ်မချနိုင်သေးပါ ရထားပြတင်းပေါက်မှရှူခင်းတွေကိုကြည့်ရင်း မမြင်ရတဲ့အနာဂတ်ကိုတွေးကာတစ်ယောက်ထဲအတွေးတွေများနေတော့သည်
ထိုချိန်အိမ်တွင် စိတ်မနှက်သောအမဖြစ်သူမှာပုခက်ထဲမှကလေးကိုပွေ့ချီရင်းအိမ်ထဲမှထွက်ခါလျှောက်သွားနေတော့သည် ဟိုဟိုဒီဒီလျှောက်သွားရင်းတစ်နေရာအရောက်တွင်ကလေးကိုထားခဲ့ကာ အိမ်ကိုတစ်ယောက်ထဲပြန်သွားလေသည်
ဝသုန်(တက္ကသိုလ်ဆရာငယ်တစ်ယောက်)
ဝသုန်ဆိုသောလူငယ်လေးသည်ရှေးဟောင်းနေရာများကိုလိုက်ရှာရင်း လူခြေတိတ်သောနေရာတစ်ခုသို့ရောက်လာခဲ့သည် ထိုချိန်ချောင်တစ်နေရာမှကလေးငိုသံသဲသဲလေးကိုကြားလိုက်ရသောကြောင့် လိုက်ရှာကြည့်ရာ ငိုနေသောကလေးပေါက်စလေးကိုတွေ့လိုက်ရသောကြောင့် အလန့်တကြားဖြစ်ခါကလေးကိုကောက်ချီလိုက်သည်
"ဒီကလေးလေးက ဘယ်လိုလုပ် ဒီနေရာမှာရှိနေရတာလည်း"
ကလေးရဲ့ခန္ဓာကိုယ်အနှံကိုစူးစမ်းကြည့်ရာ ကလေးခြေထောက်တစ်‌ဖက်တွက် ဖုန်းနံပါတ်တစ်ခုနှင့် အိမ်လိပ်စာရေးထားသည့် ပလပ်စတစ်လောင်းထားသောစာရွက်တစ်ရွက်ကိုတွေ့လိုက်ရ‌သည် ထိုစာရွက်မှပါသောဖုန်းနံပါတ်သို့ဆက်ကြည့်ရာ
"ဟယ်လို"
"ဟယ်လို ဟုတ်ကျွန်တော် ရတု ပြောနေပါတယ်"
"ကလေးတစ်ယောက်ကောက်ရထားလို့ ကလေးရဲ့ခြေထောက်မှာပါတဲ့ဖုန်းနံပါတ်တိုင်းလှမ်းဆက်ကြည့်တာ ဒါနဲ့ကလေးအဖေကခဗျားလား"
"မဟုတ် ဟုတ်ဟုတ်ပါတယ် ကျွန်တော်ပါ ကျွန်ဝောာ်ခုချက်ချင်းလာခဲ့ပါမယ်နော် ခဏလောက်စောင့်ပေးပါဗျ"
"အွန်းပါ အကြီးဆုံးညောင်ပင်ကြီးကိုသိတယ်မလား အဲ့အောက်မှာစောင့်နေလိုက်မယ်"
အလောတကြီးဖြင့် စကားတောင်မဆုံးခင်ဟိုဘက်မှဖုန်းချသွားလေသည်
"ဟဘယ်လို လူလဲဟ ငါကသူ့ကလေးကိုလည်းကြည့်ပေးထားရသေးတယ် စကားတောင်မဆုံးခင်ဖုန်းချသွားတယ် ယဉ်ကျေးမှုမရှိလိုက်တဲ့လူပဲ"

ကို့ရဲ့အကောင်ပေါက်လေး(My little baby👶)Where stories live. Discover now